20. ခွဲခွာခြင်း

1.3K 249 26
                                    


ဒီနေ့ဆို Hyung အခန်းထဲကထွက်မလာတာ နှစ်ရက်ရှိပြီဖြစ်၏။ မကြာခဏဆိုသလိုသူရှိနေသည့်အခန်းရှေ့ စကားတွေသွားပြောတတ်သော်လည်း တုံ့ပြန်မှုလုံးဝမရှိ။

မည်သည့်အကြောင်းကြောင့်မှ အခန်းပြင်ထွက်မလာတော့။

အစားလည်းလုံးဝထွက်မစား။ Taehyung ကတော့ပြောသည်။ သူ့အခန်းထဲတွင်ရေခဲသေတ္တာပါရှိနေသောကြောင့် မနေနိုင်လျှင်စားလိမ့်မည်။ စိတ်မပူနှင့်တဲ့။ သို့သော်ငြား ရေခဲသေတ္တာထဲကအစားအစာတွေကိုသာ ဘယ်နှရက်တောင်စားနေမည်မှန်းမသိသောကြောင့် စိတ်ပူရလေ၏။

မေမေတို့ကတောင် သံသယဝင်နေချေပြီ။ ပုံမှန်ဆို အိမ်ကိုအမြဲလိုလိုဝင်ထွက်လေ့ရှိတဲ့ Hyung ကို အရိပ်တောင်မမြင်ရဘဲ ကျွန်တော်ကသာ မနက်၊နေ့လယ်၊ည Hyungအိမ်ဘက်သို့ကူးသန်းသွားလာနေသောကြောင့်။

"Namjoon လေး အဆင်ပြေရဲ့လား။" ဟုမေးကာ Hyungအားသွားတွေ့ရန်ပြင်တတ်သည့် မေမေ့ကို "Hyungမအားလို့ပါ" ဟုလိမ်ကာတားရသည်မှာလည်း စိတ်ပင်ပန်းလှ၏။

ယနေ့မနက်လည်း ကျောင်းပိတ်ရင် နေဖင်ထိုးသည်အထိအိပ်တတ်သော ကျွန်တော်က စောစောစီးစီး "Hyung ဆီသွားလိုက်ဦးမယ်"ဟုထွက်လာသောကြောင့် လူထူးလူဆန်းတစ်ယောက်ပမာ အကြည့်ခံလိုက်ရသေးသည်။

"Hyung နိုးနေပြီလားဟင်။ ဘာစားချင်လဲ။ ကျွန်တော်ဘာလုပ်ပေးရမလဲ။ ဒီနေ့စနေနေ့လေ။ ကျောင်းပိတ်တယ်။ Hyung စားဖို့ကျွန်တော်တစ်ခုခုလုပ်ပေးပြီး တူတူစားကြမယ်လေ။ "

အခန်းထဲမှဘာဆိုဘာမှမကြားရသောကြောင့် ကျွန်တော်သက်ပြင်းကိုသာ အငြိုးကြီးစွာချမိတော့သည်။ Hyung ရယ်။ ဘယ်အချိန်ထိကျွန်တော့်ကိုပစ်ထားဦးမှာလဲ။

"Namjoon-ah..အန်တီမင်းအတွက် မနက်စာယူလာတယ်။"

အဲ့ဒါမှ Kim Seokjin တို့တန်းပြီးသေတာပဲ။ မေမေတို့ကတော့ မလာပါနဲ့လို့ပြောရင် ကန့်လန့်လုပ်ပြီးတော့ကို ရအောင်လာတယ်။ ဟိုကအခန်းထဲကထွက်လာဖို့နေနေသာသာ စကားပြန်တောင်မလာတဲ့ဟာကို။

"မေမေ ဘာလာလုပ်တာလဲ။ Hyung အလုပ်များနေလို့ မနှောင့်ယှက်ပါနဲ့ဆိုဗျာ။"

FANBOY MATERIAL {nAmJiN}Where stories live. Discover now