"Hyung အဆင်ပြေရဲ့လား...တံခါးဖွင့်ပါဦးဗျာ။""အိမ်ပြန်လိုက်ပါတော့ Jinnie။ ကိုယ်တစ်ယောက်တည်းနေချင်တယ်။"
Suga Hyung ရဲ့သတင်းကိုကြားပြီးတဲ့နောက်မှာ Company မှချက်ချင်းကားမောင်းထွက်လာတာကြောင့် Suga Hyung တက်နေသည့်ဆေးရုံသို့လိုက်သွားမည်ဟုထင်လိုက်မိသော်လည်း Hyung ရဲ့တကယ့်ဦးတည်ရာက သူ့အိမ်ကိုသာ။
အိမ်ရောက်သည်အထိ ဘာဆိုဘာမှမေးလို့မရဘဲ အိမ်ရှေ့ရောက်တာနဲ့ ကားပေါ်ကအလျင်အမြန်ဆင်းကာ အိပ်ခန်းထဲသို့သာသွား၍ တံခါးချက်ချထားလေသည်။
"Hyung ရာ...။ အဲ့လိုလုပ်လို့ဘယ်ဖြစ်မလဲ။ တံခါးဖွင့်ပါဦးဗျာ။ ကျွန်တော်နဲ့စကားပြောရအောင်လေနော်။"
"ကိုယ်ပြောနေတယ်လေ Jinnie။ ကျေးဇူးပြုပြီးကိုယ့်ကိုလွှတ်ထားပေးပါကွာ။ ကိုယ်တောင်းပန်ပါတယ်။ "
နောက်ဆုံးပြောလိုက်သောစကားတွင်ငိုသံစွတ်နေတာကြောင့် ကျွန်တော့်စိုးရိမ်မှုတို့က ဆတိုးမြင့်တက်လာလေ၏။
Suga Hyung အတွက် Fan တွေအားလုံးစိတ်ပူနေကြမည်မှာသေချာသော်လည်း Hyung ကစိတ်ပူနေတာထက်ပိုပုံရသည်။ သေချာပေါက်တစ်စုံတစ်ခုကို မကျေမနပ် ကြိတ်မနိုင်ခဲမရဖြစ်နေသည့်ပုံ။
ကျွန်တော်နောက်ထပ်ပြောသောစကားများကတော့ တုန့်ပြန်မှုတစ်စုံတစ်ရာမရှိ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ ယောက်ယက်ခတ်နေသည့်ကျွန်တော့်ပုံစံကို သတိထားမိသော်လည်း ထိန်းချုပ်နိုင်ဖို့ရာတော့ မစွမ်းသာ။
ကြံရာမရတဲ့အဆုံး Hyung နဲ့တစ်သက်လုံးအနီးကပ်ရှိနေခဲ့တဲ့ သူ့ရဲ့ညီငယ် Taehyung ကိုသာဖုန်းဆက်၍အကျိုးအကြောင်းပြောပြရတော့သည်။
"စိတ်မပူပါနဲ့ Jinnie Hyung။ Hyung အဆင်ပြေမှာပါ။ Suga Hyung နဲ့ပတ်သက်လို့သတင်းတစ်ခုခုရတိုင်းသူဒီလိုဖြစ်နေကျပါ။ အရမ်းကြီးစိတ်မပူပါနဲ့။ သူ့ကိုလွှတ်ထားပေးလိုက်ပါနော်။"
"မဟုတ်သေးဘူးလေ။ သူ့ကိုဘယ်လိုစိတ်ချပြီးအခန်းထဲမှာတစ်ယောက်တည်းလွှတ်ပေးထားရမှာလဲ။ မပြောကောင်းမဆိုကောင်း တစ်ခုခုဖြစ်သွားရင်ရော...?"

YOU ARE READING
FANBOY MATERIAL {nAmJiN}
RomanceThe destiny brought us together, we were childhood friends, we stan the same idol and finally we fell in love.