"အိပ်ပျော်သွားတာလား ကလေး။"
သူ့ရင်ခွင်ထဲတွင် ခဏလောက်နားချင်ပါသည်ဆိုကာမှ အလိုက်မသိမေးလာသော Kim Namjoon ဆိုသည့် လူကြီးအား ကျွန်တော်ထုရိုက်ပစ်လိုက်ချင်ပါသည်။
စိတ်တိုတိုနှင့်ဘာမှပြန်မဖြေပြန်တော့ လူကိုသူ့ရင်ခွင်ထဲကနေအတင်းဆွဲထုတ်လာပြန်သည်။
"ဘာလဲဗျာ...။ ခဏလေးငြိမ်ငြိမ်နေချင်လို့ပါဆို။"
"သြော်...။ဟုတ်လား။ အင်း..အင်း။ နေနေ။ ကိုယ်ဖက်ထားပေးမယ်။"
ဘယ်လိုလူကြီးမှန်းလည်းမသိဘူး။ တည့်တိုးပြောမှအထာနပ်တတ်သော အကျင့်ကို ပြင်ပေးချင်လှ၏။
ကျွန်တော်တကယ်ပင်ပန်းနေပါသည်။ မထင်မှတ်ထားသောကိစ္စများက ဆက်တိုက်ဆိုသလိုဖြစ်လာတော့ ကျွန်တော်ဘဝက ဇာတ်ကွက်မရှိဘဲ ရောက်တတ်ရာရာရေးနေသော ဝတ္ထုတစ်ပုဒ်နှယ်။
မှန်ပါသည်။ Hyung ပြောတာမှန်ပါသည်။ ကျွန်တော်ဒီအကြောင်းတွေကိုဘယ်သူ့ကိုမှမပြောဘဲထားခဲ့ခြင်းဖြစ်၏။ ကျွန်တော်အဲ့ဒီ့အလိုက်ကမ်းဆိုးမသိတဲ့သူကြီးကိုချစ်မိနေပြီ။
မုန့်လုရင်းစတွေ့ခါစကတော့ ငယ်ငယ်ကအစ်ကိုကြီးတစ်ယောက်ကိုပြန်တွေ့သသလိုမျိုး သိပ်ပျော်ခဲ့မိပေမဲ့ ကျွန်တော်မတရားကြံခံရတဲ့အချိန်လောက်ကစလို့ အဲ့လူကြီးအပေါ် ခံစားချက်တွေမရိုးသားနိုင်တော့တာ သိလာခဲ့ရ၏။
ကျွန်တော်တကယ်ပဲဒီအကြောင်းအရာတွေကိုမသိသာအောင်မျိုသိပ်ခဲ့သည်။ သူ့အရှေ့မှာလည်းအရမ်းကြီးအကဲပိုမပြဘဲ တည်တည်ငြိမ်ငြိမ်နေနိုင်အောင်ကြိုးစားကြည့်သည်။ သဘောကျရသူ၏စိတ်ဝင်စားမှု၊ ဂရုစိုက်မှုကိုခံချင်ကြတဲ့ လူတွေထဲကလူတစ်ယောက်ဆိုသော်ငြားပေါ့။ သူ့ကိုစိတ်ဆိုးခဲ့ရတာ ဒီခံစားချက်ကြောင့်လည်းပါပါသည်လေ။
ခက်တာက ခံစားချက်ကိုမနည်းထိန်းထားရတာ အရူးတစ်ယောက်လိုဖြစ်လာတာကြောင့် Diary လေးတစ်အုပ်မှာ တစ်ယောက်ယောက်ကိုပြောပြနေသလိုမျိုး ချရေးခဲ့မိ၏။ အခုသူကအဲ့စာအုပ်ကိုတွေ့သွားတယ်ဆိုတော့ မျက်နှာပူမိသည်။
YOU ARE READING
FANBOY MATERIAL {nAmJiN}
RomanceThe destiny brought us together, we were childhood friends, we stan the same idol and finally we fell in love.