-A/N- RB ပြောသလို FM က RB အပြီးအပြတ်ရေးထားပြီးသား fiction တစ်ပုဒ်ပါ။ နှစ်တွေကြာလာတာနဲ့အမျှ RB အရင်က မရင့်ကျက်တဲ့အတွေးတွေထည့်ရေးခဲ့မိတာမျိုး၊ စာအရေးအသားချို့ယွင်းချက်ရှိတာမျိုးတွေကိုပြင်ချင်လို့ unpublish ပြီး တစ်ပိုင်းစီပြန်တင်ပေးနေတာပါ။ ဒီအပိုင်းမှာပြောချင်တာက FM ရဲ့အရှေ့အပိုင်းတွေမှာ 1st person POV နဲ့ 'တယ်' ဆိုတာကို စာကြောင်းအဆုံးသတ်တွေမှာ တွင်တွင်ကျယ်ကျယ်သုံးခဲ့ပေမဲ့ အခုအပိုင်းကစလို့ 'သည်' လို့ပြောင်းသုံးထားပါတယ်။ ဒါဟာ Fiction တစ်ပုဒ်မှာ မလုပ်သင့်တဲ့ တားမြစ်ချက်တစ်ခုဖြစ်ကြောင်း RB အခုသိသွားပါပြီ။ ဒါပေမဲ့ အခုမှ သည် နဲ့ တယ် တွေပြန်လဲရေးမယ်ဆိုရင် RB အစအဆုံးအသစ်ရေးနေရပါလိမ့်မယ်။ ဒါကြောင့်မို့ ဖတ်ရတာ အဆင်မပြေဖြစ်တယ်ဆိုရင်တောင် ဒါလေးကို နားလည်ပေးစေလိုပါတယ်။ စကားရှည်သွားပါပြီ။ ဒီအပိုင်းလေးကိုဖတ်ကြည့်လိုက်ကြပါဦး။
............................................
ဆူရှီဆိုင်တွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များနောက်တွင်တော့ ကျွန်တော့်ဘဝဟာ အရင်အတိုင်းပြောင်းလဲမှုမရှိ။
ကျွန်တော်ကိုယ်တိုင်ကလည်း ထိုအဖြစ်အပျက်များကို မေ့ပျောက်ပစ်လိုက်သည်လည်းပါမည်။ ကျွန်တော့်ဘဝပျက်သွားတာလည်းမဟုတ်၊ တကယ်လည်းနောက်ဆုံးအဆင့်ထိမရောက်လိုက်၊ ထို့ပြင်ယောက်ျားလေးတစ်ယောက်ဖြစ်နေတာမို့ ပိုလို့ပင်အဆင်ပြေအောင်ကြိုးစားနေထိုင်ကြည့်သည်။ Joonie Hyung ကတော့ sexual harrassment ဆိုသည့်ကိစ္စမှာ ယောက်ျားမိန်းမမခွဲ၊ တရားခံအား ပြင်းထန်စွာ အရေးယူရမည်ဖြစ်ကြောင်းဆို၏။
နောက်တစ်ခုပို၍ အဆင်ပြေသည်က ထိုနေ့ကကိစ္စများကို မေမေမသိ။ ကျောင်းကကျောင်းသားများလည်းမသိအောင် Hyung တို့ကဖုံးပေးထားသည်။
ထိုညက ထိုနေရာမှပြန်လာလာချင်း လွန်စွာထိတ်လန့်နေမိသော ကျွန်တော့်အား Hyung တို့အိမ်မှာပဲ အိပ်စေခဲ့ပြီး နောက်တစ်နေ့မနက်တွင် ကျွန်တော်တောင်းဆိုခဲ့သော 'မေမေ့ကိုမပြောပြကြပါနဲ့နော်' ဆိုသည်ကိုလည်း လက်ခံပေးသည်။
YOU ARE READING
FANBOY MATERIAL {nAmJiN}
RomanceThe destiny brought us together, we were childhood friends, we stan the same idol and finally we fell in love.