⚜TWENTY - THREE ⚜

3.8K 330 61
                                    


About Michael James and Rosy

ဆာကူရာဆိုတာနဲ့ လူတိုင်းသိကြသော ဂျပန်နိုင်ငံ။ တစ်ချိန်က စီးပွားရေးလောကမှာ အောင်မြင်ခဲ့သည့် သူဌေးကြီး ဆီတွင် သူချစ်ရဆုံးသော ဇနီးလေးတစ်ယောက်ဆီမှ သမီးလေး ထွန်းကားလေသည်။ သူဌေးကြီးရဲ့ နောက်မယားဖြစ်ပြီး သည်းသည်းလှုပ်ချစ်ခံရသော မယားတစ်ယောက်။ ထိုဇနီးမှ ဆာကူရာပန်းတွေပွင့်ချိန် ဆာကူရာဆိုသော သမီးလေးတစ်ယောက် မွေးဖွားလာသည်။ အစစအရာရာ အလိုလိုက်ခံရကာ လိုလေသေးမရှိ လက်ညိုးညွှန်ရာရေ ဖြစ်စေခဲ့သည်။အကုန်ပြီးပြည့်စုံလှတဲ့ ဆာကူရာ ဆိုသည်မှာ လက်ရှိ Rosyဆိုတဲ့ ကျွန်မ ဖြစ်ခဲ့တာပေါ့။

Rosyအား ငယ်ငယ်လေးတည်းက မနာလိုသော မအေကွဲမောင်နှမ လည်းရှိခဲ့သည်။

"နင်ကဘာလို့အဲ့အရုပ်ကိုယူထားရတာလဲ"

Rosy ၏သုံးနှစ်ပြည့်မွေးနေ့ဖြစ်သောကြောင့်
အဖေဖြစ်သူမှဝယ်ပေးထားသည့် ဝက်ဝံရုပ်လေး။ ဝက်ဝံရဲ့ မျက်လုံးနှစ်ဖက်အား စိန်စီထားသောကြောင့် တန်ဖိုးကြီးပေးသည်။

"ဒါ - ဒါက ဖေဖေ ပေးထားတာ"

"ဘာကိုဖေဖေလဲ ငါတို့အဖေကို လုယူထားတဲ့ မယားငယ်မ သမီးကများ "

အကြီး မောင်နှမ နှစ်ယောက်မှ သူအားအမြဲတစေ အနိုင်ကျင့်တတ်သည်။ အကြောင်းရင်းကား မယားငယ်သမီးဖြစ်သည်မို့ ဖြစ်သည်။

"ကိုကို ညီမလေး အဲ့အရုပ်လိုချင်တယ်"

"အစတည်းက ညီမလေး ပိုင်တာပဲ ခွင့်တောင်းစရာမလိုဘူး"

ညီမလုပ်သူထက် အစ်ကိုဖြစ်သူက ပိုလို့သွေးအေးသည်။ Rosy လက်ထဲမှ အရုပ်အား ဆွဲယူလိုက်ကာ တွန်းထုတ်လိုက်သည်။

"နင်ကသာ ငါပိုင်တာတွေလုနေတဲ့ သူခိုးမ! "

မွေးနေ့မို့ လှလှလေး ဝတ်ဆင်ပေးထားသည့် ကီမိုနို ပန်းနုရောင် လေးက တွန့်ကျေလို့နေသည်။ လဲကျသည့် နေရာမှာပဲ ပုံပုံလေး ထိုင်နေယုံ တတ်နိုင်ခဲ့သည်။

"နင်ကလည်း မငိုပါနဲ့ဟာ"

သူ့ဘေးနားရောက်လာသော ဘေးအိမ်က မိုက်ကယ်ဂျိမ်း ဆိုသော ကောင်လေး။ နိုင်ငံခြားကပြောင်းလာကြပြီး သူနဲ့အသက်အရွယ်အတူဖြစ်သည်။ အမြဲတမ်း ကော်လိုကပ်နေတတ်လို့ စိတ်ရှုပ်ရပေသည်။

Marriage Knot {My Husband 2} Where stories live. Discover now