⚜SEVENTEEN ⚜

3.5K 344 11
                                    

တိတ်ဆိတ်ပြီး မှောင်လှသောအခန်းလေးထဲတွင် ကောင်လေးတစ်ယောက် ကုတင်ပေါ်၌ငြိမ်သက်နေလေသည်။ Taehyung တစ်ယောက် ကုတင်ပေါ်တွင် ဒူးပေါ် နဖူးတင်ထားရင်း အတွေးပေါင်းများစွာက သူ့အား ခြောက်လှန့်နေသည်။
Rosy ပြောခဲ့သော စကားတွေကိုပြန်ကြားယောင်နေရင်း စိုးရိမ်နေမိသည်။ Rosy ဆန္ဒအတိုင်း မင်္ဂလာပွဲကိုမအောင်မြင်စေခဲ့ပေမယ့် ဒီအတိုင်းတော့ ပြီးသွားမယ့်ပုံမပေါ်jungkookကိုမရမချင်း လက်လျော့မည့်ပုံမပေါ်ပေ။ ဒီအတိုင်းသာဆို Jungkook ကို လက်လွတ်လိုက်ချင်တော့သည်။
အမှတ်မထင်ကြောင့် သူနဲ့ကိုယ့်ကြား ကလေးရလာခဲ့သည်။ မကြာခင်မှာ ဘာလေးဖြစ်တယ်ဆိုတာသိရတော့မယ့် ကလေးကို ခုတော့ သံယောဇဉ် တွယ်နေမိပြီ။ ဒါတော့ အဆုံးရှုံးတော့မခံနိုင်ပေ။

အခြားသူတွေကိုလည်း တိုင်ပင်လို့မရတဲ့အခြေအနေဟာ သူ့အတွက် အသက်ရှုကြပ်မတတ် ခက်ခဲလှသည်။

နဂိုထက်အနည်းငယ်ဖောင်းလာသော ဗိုက်ကလေး တစ်နည်း သူ့ဝမ်းနဲ့လွယ်ထားရတဲ့ ကလေးငယ်အား ဖိကိုင်ရင်း အားပေးလိုက်သည်။

"ကလေးငယ် ပါးပါး မင်းကိုအပြည့်အဝ ကာကွယ်ပေးမှာပါ"

မှောင်ရိပ်သန်းနေတဲ့ဆေးရုံအခန်းငယ်လေးထဲ Taehyung တစ်ယောက် ကလေးငယ်လေးနဲ့ အဖော်ပြုရင်းကုန်ဆုံးနေလိုက်တယ်။ သူ့ဘဝမှာ ဒီကလေးငယ်လေး ရှိလာရင်ဘဲ ကျန်တာအားလုံး အဆင်ပြေပါပြီလေ။

......................................

ရာသီဥတုသာယာလှတယ်။
ကျောင်းဝန်းကြီး အတွင်း ပထမဆုံးခြေချခွင့်ရလိုက်ရတဲ့အတွက် jiji အတွက်လည်း ပျော်ရွှင်လို့ပေါ့။ ဒီနေက သူ့ရဲ့ ပထမဆုံး uni ကျောင်းသား ဖြစ်လာပြီမို့ ခံစားချက်ကလူကြီးတစ်ယောက်ဖြစ်လာသလိုပင်။ သို့သော် သူ့အတွက် အခက်အခဲတစ်ခုကတော့....

"Jiji ရော့ ထမင်းဗူး အတန်းချိန် သေချာတတ် လျောက်သွားမနေနဲ့။ အပြန်လာကြိုမယ် ဟုတ်ပြီလား ဖုန်းဆက်လိုက်။"

"ဟုတ်ကဲ့"

ပြောပြီး ဝူးခနဲကား မောင်းထွက်သွားသည်။
အင်း....ဒါပါဘဲ မမဗြောက သူ့ကို uniရောက်တာတောင် မူကြိုကလေးလို လိုက်ပို့နေတုန်း။ မေမေကလည်း မမဗြောနဲ့ဆို သူ့သားတွေပို ယုံပြီးသားလိုပင်။ ဘာမှတောင်မပြော။ သားတွေထက် ဟန်ဗြောကို ပိုချစ်နေလို့ တစ်ခါတစ်ခါ အူတိုရသေးသည်။

Marriage Knot {My Husband 2} Where stories live. Discover now