⚜FIVE⚜

3.5K 353 1
                                    

လူတိုင်းတွင် အချစ်ဦး တစ်ယောက်တော့ရှိကြသည်ပင်။ ဘဝတွင် ပထမဆုံး ချစ်ခဲ့ရသူဖြစ်သည်မို့ မှတ်ဉာဏ်ထဲတွင်မမေ့လျော့ဘဲစွဲထင်စွာ ကျန်ရှိနေတတ်ပေသည်။

Yoongi သည်လည်း လူထဲကလူပါပင်။ သူ့အတိတ်တွင်လည်း ဦးဦးဖျားဖျား ချစ်ခဲ့ရသူတစ်ယောက်ရှိခဲ့ဖူးသည်။ လက်ထဲက ကပ်ခွာလေးကိုကြည့်ရင်း အတွေးတို့က အတိတ်ဆီသို့ပြန်လည် ရောက်ရှိခဲ့သည်။

အလယ်တန်းအရွယ်ရှိသောyoongiတစ်ယောက် တစ်ဦးတည်းသောသားဖြစ်သည်မို့အနေလည်းအေးသလို မအေကလည်း အရာရာ ထိန်းထိန်းသိမ်းသိမ်းထားသည်။

"သားသား ကျောင်းသွားရမယ်"

Yoongi အမေ ဟာ အလုပ်တစ်ဖက်နှင့်မို့ yoongiအားသိပ်အနီးကပ် မနေပေးနိုင်ပေ။
သို့သော် မနက်တိုင်း ကျောင်းသွားရန်ပြင်ဆင်ပေးရသည်ကိုတော့ မပျက်ကွက်ခဲ့ပေ။

"သား ပြီးနေပါပြီ "

Yoongi ဟာ နှိုးစရာမလိုအောင်အကုန် အဆင်သင့်ဖြစ်နေပေသည်။ အလယ်တန်းမို့ လူပျိုပေါက်အရွယ်ဖြစ်ကာ တော်တော်များများကိုနားလည်နေလေပြီ။ သူ့အမေသည် သူများတွေလို တအားကြီး သဲသဲလှုပ်မဟုတ်ပေမယ့် လိုအပ်တာကိုတော့ဖြည့်ဆည်းပေးသည်။ သို့သော် သူလိုချင်တာဒါမဟုတ် သူများမအေတွေလို တစ်ရင်းတစ်နှီး နေချင်သည်။

"သားက လိမ္မာ သားဘဲ ကျောင်းမှာ ပြဿနာ မဖြစ်စေနဲ့နော် "

ခေါင်းလေးတစ်ချက်ပုတ်ပေးကာ ကားပေါ်တင်ပေးသည်။ သိပါတယ်။ ကျွန်တော်ရန်မဖြစ်ပါဘူး။ မေမေရဲ့ဂုဏ်သိက္ခာထိမယ့်အလုပ်ကိုကျွန်တော်မလုပ်ပါ။

ဒရိုင်ဘာ ဦးလေးကြီး မောင်းသောကားကို နောက်ခန်းက ပြတင်းပေါက်ကြည့်ရင်း အေးဆေးစွာလိုက်ပါလာခဲ့သည်။လမ်းချိုးကွေ့ တစ်နေရာအရောက် ကားဟာ တုန့်ခနဲ ဘရိတ်အုပ်လိုက်သည်။

"ဘာလို့လဲ ဦးလေး"

"ကလေးလေးတစ်ယောက်ကားရှေ့ဝင်လာလို့ သခင်လေး"

ဦးလေးကြီး ဟာကားပေါ်ကဆင်းကာ သွားကြည့်သည်။ ငိုသံဟာ စူးခနဲထွက်ပေါ်လာခဲ့သည်။
Yoongi လည်းသိချင်တာမို့ ကားပေါ်ကလိုက်ဆင်းလိုက်သည်။

Marriage Knot {My Husband 2} Where stories live. Discover now