⚜FOURTEEN ⚜

3.4K 347 29
                                    

ကြီးမားလှခြံဝန်းကြီးကိုပိုင်ဆိုင်ထားသည့် jeonအိမ်တော် တွင် ယနေ့ည တစ်ကားဝင် တစ်ကားထွက် လူစည်ကားနေတော့သည်။ ဒီနေ့သည် Jeon company ရဲ့ CEOလည်းဖြစ် အချမ်းသာဆုံး စာရင်းဝင် သူဌေးမကြီး ဒါဟယ်နာရဲ့ တစ်ယောက်တည်းသော မြေးလည်းဖြစ်တဲ့ jeon jungkook မွေးနေ့ကို တစ်ခမ်းတစ်နား ကျင်းပခဲ့သည်။ စီးပွားရေးပညာရှင်များအပြင် အခြားနယ်ပယ်က နာမည်ကြီးသူများလည်းပါဝင်ကြသည်။

အနီရောင်ကားလေး တစ်စင်းဟာ မွေးနေ့အခမ်းအနားရှေ့ ဆိုက်ရောက်လာခဲ့တော့ သတင်းမီဒီယာ ရယူသူများက အုံအုံကြွကြွ။

ကားပေါ်မှ အနက်ရောက် ကိုယ်ကျပ် ဂါဝန်လေးနဲ့ ဆင်းလာတဲ့သူကြောင့် မြင်သူ ပုရိသအပေါင်း ဝိုးခနဲ ဝါးခနဲ ဖြစ်သွားစေသည်။ သတင်းထောက်များကလည်း မှတ်တမ်းတင်ကာ သေချာတာက မနက်ဖြန် မနက်သတင်းခေါင်းစီးပိုင်းတွင် "ဒါရိုက်တာ Rosy ၏ လှပသော ပွဲတတ်ဝတ်စုံ"
ဟူ၍ပါလာမှာအသေအချာပင်။

"Rosy တို့ရောက်လာကြပြီ။"

Mrs.jeon က အပြေးအလွှားထွက်ကာ ကြိုဆိုသည်။

"ဟုတ်ကဲ့။မာမီလည်းပါတယ်"

"လာ အထဲဝင်ကြ"

Rosyကတော့ လုပ်ငန်းပါတနာ တွေနဲ့စကားပြောနေသော Jungkook ဆီသို့သွားကာ လက်ချိတ်ပြီး media သမားတွေအား တမင်မြင်အောင် ဖော်ပြနေလေသည်။ များမကြာမီ...

"သားလေး ဖြေးဖြေးဆင်း "

Taehyung တို့မိသားစုရောက်လာကာ Taxiပေါ်မှ ဆင်းလာကြသည်။ Taehyung တို့လက်မှတ်ပြပြီးဝင်လာကာ ပွဲထဲရောက်တော့ အကုန်လုံးရဲ့မျက်လုံးက သူတို့အား မတူသလိုမတန်သလို အကြည့်တွေနဲ့စူးစိုက်ကြည့်နေကြတော့သည်။

"Geezz..လူကိုဖိတ်တုန်းကဖိတ်ကြပြီး ခုကျတော့ အဖတ်တောင်မလုပ်ကြဘူး"

ဟန်ဗြောဟာ ဒေါသကြောင့် အသက်ရှူတွေပါမြန်ကာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားတော့သည်။

"ဗြောလေးသမီး ကင်မရာတွေရှိနေတယ်လေ"

Mrs.kim က သူ့သမီးလက်သီးဆုပ်အား ဖွဖွလေးကိုင်ကာ သတိပေးလိုက်တော့မှ မာန်လျော့လေတာ ဟန်ဗြောပါ။ Mrs.kimလည်း ဒီလိုနေရာမျိုးတွေ မသွားဖူးတာကြောင့်လည်းဖြစ်မည် စိတ်ကျဉ်းကျပ်သလိုခံစားနေရသည်။ Jiminလေးကတော့ အစ်ကိုဖြစ်သူTaehyungအား တွဲထားရင်း သူ့ရဲ့နှလုံးသားဖြစ်တည်ကာ ကို မျက်စိဖြင့် လိုက်လံရှာဖွေဆဲပေါ့။

Marriage Knot {My Husband 2} Where stories live. Discover now