⚜NINETEEN⚜

3.7K 330 48
                                    


ရွှေအိုရောင်ရှိသော သံပန်းတံခါးကြီးကိုမော့ကြည့်ရင်း ဟန်ဗြော သက်ပြင်းချလိုက်သည်။ ဒီတံခါးကိုကျော်တာနဲ့ တစ်ဖက်တွင် Taehyung သိချင်နေသောအမှန်တရားကရှိနေသည်။ သူ့ရဲ့ဉာဏ်နီဉာဏ်နက်ထုတ်သုံးမှုတစ်ချို့ကြောင့်အိမ်ထဲ ဝင်ခွင့်ရပေမယ့် တကယ်တမ်းကျ မဟုတ်တာလုပ်မယ့်သူလို ကြောက်နေရပြန်သည်။

ဟန်ဗြောဟာ သင်တန်းနားခံတဲ့အချိန်ကစပြီး ပီဇာ delivery လိုက်ပို့နေသည်။ နေရာမရွေးမှာတိုင်း ဆိုင်ကယ်နှင့် လိုက်ပို့ရသည်။ ထို့အတွက် များများပို့နိုင်လေ များများ ပိုက်ဆံရမည်။ သူလည်း အိမ်မှာ ထိုင်စားနေလို့မှမရ လူဘဲ ထမင်းဖိုးကျေအောင်အလုပ်လုပ်ဦးမှပေါ့။

ဆိုင်ကယ်နောက်ပုံးက ဗီဇာကို ကိုင်ပြီး လက်ကဘဲလ်အဖြူလေးဆီသို့~~~~

လွန်ခဲ့သော တစ်နာရီခန့် က......

" Hoseok ခုဘယ်မှာလဲ "

ထူးထူးခြားခြား ဟန်ဗြောဘက်မှဖုန်းစဆက်မှုကြောင့် Hoseok အံ့သြနေလေရဲ့။ သူ့ရှေ့မှာငိုပြီးတဲ့နေ့ကစပြီး ဟန်ဗြောက သူ့အပေါ် ရွယ်တူလိုပေါင်းသည်။ ကိုယ်နဲ့အသက်အများကြီးကွာပေမယ့် ခေါ်ပုံက Hoseok တဲ့လေ။

"ဒီနေ့ အိမ်မှာ နားတယ်"

"ခင်ဗျား ကအမြဲနားနေတာဘဲကို အလုပ်လက်မဲ့လူကြီး"

ဟောဗျာ နည်းနည်းလေးအလျော့ပေးလိုက်တာ သူငယ်ချင်းလို အသုံးအနှုန်းတွေနဲ့ ရန်လာစပြန်ပါပြီ။

"ထားပါ ။ ပြောချင်တာက အိမ်မှာအားနေရင် အပျင်းပြေ ပီဇာလေးမှာပါလား သူဌေးက ပီဇာ အများကြီးရောင်းရရင် ဘောက်ဆူးပိုပေးမယ်ဆိုလို့
......တစ်ချပ်လောက်တော့ မှာစားလိုက်နော်... ဘောစိဘဲကို လုပ်ပါ"

အကူအညီလိုတိုင်း လာတောင်းတတ်နေတဲ့ကလေးမက အရင်ကသူ့ကို ရှောင်ဖယ်နေတဲ့သူနဲ့ လားလားမျှမဆိုင်။

"ကိုယ်မှာရင် မင်းကိုယ်တိုင်လာပို့မှာမို့လို့လား ။"

"ကိုယ်တိုင် ဆိုင်ကယ်စီးပြီးတော့ကို လာပို့မှာ ဒါကြောင့် မှာလိုက် "

ဒီလိုနဲ့ ပီဇာအကြောင်းပြ၍ စုံထောက်လုပ်ရန် Hoseok အိမ်သို့ဝင်ခဲ့တော့သည်။

Marriage Knot {My Husband 2} Where stories live. Discover now