⚜SEVEN ⚜

3.3K 363 1
                                    

မြေးလေး jeon Jungkook တွင်ပထမဦးဆုံး သားသမီးရလာပါက jeon company ကြီးအားအမွေလွဲပြောင်းပေးမည်။

Jungkook ထိုသေတမ်းစာ ရှိနေခဲ့မှန်းတောင်မသိခဲ့။ ဒါဟာ သူ့အဘွားသိမ်းထားခဲ့သော သူ့အဘိုး၏ အမွေလွဲပြောင်းသေတမ်းစာပင်ဖြစ်သည်။

Jungkook နားမလည်စွာ သူ့အဘွားအားကြည့်လိုက်သည်။

"နားမလည်ဘူးလား မြေး စာမှာအကုန်ပါတယ်လေ"

အဘွားကမေးငေါ့ကာဆိုသည်။

"ဒါဆို သားက ဟိုကောင်လေးကိုယူရမှာပေါ့ ။ အို မဖြစ်နိုင်တာ သဘာဝကိုလွန်ဆန်တာတွေလုပ်ရင် သားနာမည်ပျက်ရချည်ရဲ့"

Mrs.jeonဟာ သူ့သားအား ထိုကောင်လေး နှင်းသဘောမတူချင်ပေ။ ယောကျာ်း တန်မဲ့သက်သက် လာကပ်တာအသိသာကြီး။ သူ့သားကို ခေါင်းကိုင် ချုပ်ကိုင်ခံရမယ့် ဘဝမရောက်စေချင်။

"စာ ထဲမှာ ပထမဆုံး ကလေးလို့ဘဲပါတယ် ။ယောကျာ်း မိန်းမ မပါဘူး။ ဦးဆုံး ကလေးရတဲ့သူနဲ့ဘဲယူရမယ်။ မဟုတ်ရင် ဒီcompanyတစ်ခုလုံး ရောင်းပြီး အကုန် လှူပစ်မယ်။"

"အမေရယ် DNA အဖြေတောင်ထွက်သေးတာမဟုတ်ဘူး ။ သားလေးရဲ့ကလေးမဟုတ်ရင် ဘယ်လိုလုပ်မလဲ "

"ဒါဆို ဟုတ်ခဲ့ရင်ကော "

"......."

Mrs.jeon ဘာမှ ဆက်မပြောနိုင်တော့ပေ။

"ဟုတ်ခဲ့ရင် ဒီလို ဘာမှမပြောတတ်လို့မရဘူး။ ကြိုတင်စဉ်းစားထားတတ်ရတယ်။ ကိုယ်လုပ်တဲ့အမှားကို တာဝန်ယူတတ်ရတယ်။ ယူရဲရတယ်။ ဒါမှ သေတဲ့အခါ တမလွန်က မိသားစုတွေကို ရဲရဲဝင့်ဝင့် မျက်နှာပြနိုင်မှာ။ငါတို့မိသားစုထဲမှာ အမှားလုပ်ခဲ့ရင် အကုန်တာဝန် ယူတတ်သူကြီးဘဲ ညည်းလိုငြိမ်နေတဲ့သူမပါဘူး။ ကိုယ့်ဘက်ကိုယ်ကြီးဘဲ ယက်မနေနဲ့ သူတစ်ပါးဘက်လည်းကြည့်ပေးရမယ်။ ဒါမှတရားမျှတမှုရှိမှာ။"

"အမေကလည်း မဟုတ်ဘဲ လိမ်နေမှာဆိုးလို့ပါ သားလေးကိုစိုးရိမ်လို့"

"အဲ့အခါကျ ငါကိုယ်တိုင် အဲ့မိသားစုကို ကိုင်တွယ်လိုက်မယ်"

"အမေ ဒါပေမယ့်"

ဒါဟယ်နာ က ဆက်မပြောတော့ဘဲ စေ့စေ့ကြည့်လိုက်တော့ Mrs.jeon တစ်ခွန်းမှ ဆက်မဟရဲတော့ပေ။

Marriage Knot {My Husband 2} Where stories live. Discover now