⚜ELEVEN ⚜

3.1K 307 6
                                    

စာပွဲအရှည်ကြီးရှေ့တွင် Jungkook တို့ကတစ်ဖက်၊ Taehyung တို့က တစ်ဖက် ထိုင်နေကြလေသည်။ ဟန်ဗြောလည်းရောက်နေလေပြီ။

"ခမည်းခမက် တို့က ဘယ်အချိန်လောက် ရက်ရွှေးချင်လဲ။ ကျွန်မကတော့ မြန်လေကောင်းလေဘဲ ။ ဟားဟား တစ်မျိုးတော့မထင်ပါနဲ့ ။ဟောဒီက မြေးသမက်လေးရဲ့ ဗိုက်လေးကိုလည်းထည့်တွေးရသေးတယ်လေ။"

သူဌေးမကြီး ဒါဟယ်နာဟာ တစ်ရင်းတစ်နှီး ပါဘဲ စကားပြောလေသည်။ Taehyung တို့ဘက်က ဦးစီးဦးဆောင် အဖအရာ အဖေမရှိတဲ့အတွက် နည်းနည်းလေးတော့ သိမ်ငယ်ရသည်။

"ဟုတ်ပါတယ် ဥက္ကဋ္ဌကြီး ကျွန်မလည်း အဲ့လိုတွေးထားပါသည်။ သားလေး ဗိုက်မပူလာခင်က အကောင်းဆုံးပါဘဲ"

"ဒါဆို ရှေ့နှစ်ပတ်လောက် ရက်ရွှေးလိုက်မယ်လေ။ ကြားထဲပြင်ဆင်စရာ ပြင်ဆင်ကြတာပေါ့။"

"ဟုတ်ကဲ့ "

Mrs.kimနဲ့ သူဌေးမကြီးတို့က ပြောဆိုနေကြပေမယ့် ကျန်သူတွေကတော့ ကိုယ့်အတွေးနဲ့ကိုယ် အေးရာအေးကြောင်း တိတ်ဆိတ်လို့နေသည်။

"ခမည်းခမက် ရဲ့ ကလေးတွေက အချောလေးတွေကြီးပါလား။ဒီက Taehyungလေးတစ်ယောက်ဘဲမြင်ဖူးတာ"

"ဟုတ်သားဘဲ မိတ်ဆက်မပေးရသေးဘူး။ဒါက သားငယ်လေး Kim jimin။ ဒါက သမီးလေး ဟန်ဗြော။ အိမ်မှာတော့ အားအကိုးရဆုံးဘဲပေါ့ရှင်။"

"ဪ မွေးစားထားတယ်ဆိုတဲ့ ကလေးမလေးလား။ ဒါကြောင့် မျိုးရိုးမတပ်တာပေါ့။"

Mrs.jeonရဲ့စကားလေး တစ်ခွန်းကြောင့် အကုန်လုံးက အပ်ကျသံပင်မကြားရ။ ဟန်ဗြောရဲ့ စားလက်စတူဟာ ပါးစပ်မှာပင် ရပ်တန့်သွားသည်။

ဒါဟယ်နာ က သူ့ချွေးမအား တစ်ချက်မျက်စပစ်ပြကာ အေးစက်နေတဲ့ အနေအထားကြီးကို ပြန်ထိန်းရတော့သည်။

" ဟားဟား မွေးစားဆိုပေမယ့်လည်း ကြည့်ပါလား။ အနေကြာလာတော့ ဘယ်လောက်ချစ်လဲဆိုတာ ခမည်းခမက် နဲ့တောင်ရုပ်ချင်းဆင်လာပြီ။ ဘယ်သူမြင်မြင်သားအမိလို့ဘဲထင်မှာ။"

"ဟား ဟုတ်တာပေါ့ရှင်"

"ဟန်ဗြော ကကျွန်တော့်အတွက် သူငယ်ချင်းလည်းဟုတ်သလို ညီမတစ်ယောက်လည်း ဟုတ်တယ်။"

Marriage Knot {My Husband 2} Where stories live. Discover now