⚜TWENTY - FIVE ⚜

2.3K 204 24
                                    

အချစ်ဆိုတဲ့ ခရီးလမ်းဟာ အမြဲလိုမဖြောင့်ဖြူးနိုင်ပဲ ဆူးငြောင့်လေးတွေရှိတတ်လေတယ်။ ဤအရာများကိုသာ ကြံကြံခံနိုင်လျှင် အဆုံးမှာ ပျော်ရွှင်ရမှာအမှန်ပင်။

မနေတာကြာ၍အနည်းငယ်ဖုန်ထနေသောအခန်းငယ်ထဲသို့ မီးခိုရောင် လိုက်ကာကြားမှ အလင်းရောင်ဟာ ထိုးဖောက်ဝင်ရောက်လာသည်။ မျက်နှာပေါ်ထိပါ ရောက်လာသည်စူးရှသော ပြောက်ကြားအလင်းရောင်ကြောင့် ကုတင်အပြင်အနည်းငယ် ကျော်ထွက်နေသော jungkook ခြေထောက်တို့က လှုပ်ခတ်လာရသည်။ မျက်လုံးတို့ကို ဖွင့်လိုက်ပြီးထရန်အားယူလိုက်တော့ လေးလံနေသည့် ခန္ဓာယ်ကိုယ် တစ်ဖက်။

သူ့ရင်ခွင်ထဲတိုးဝင်ကာ နှစ်ခြိုက်စွာအိပ်ပျော်နေသည့် Taehyung ကြောင့် အလိုလိုပြုံးမိလျက်သား။ နောက်ဆုံးတော့ ချစ်ရသူလေးဟာ အထင်လွဲမှုတွေကို သိရှိသွားလေပြီ။နှစ်ဦးသား အထင်လွဲမှုတွေကို ဖြေရှင်းရင်း ချစ်ကြည်နူးခဲ့ကြတာ သူရောကိုယ်ရော မနက်ရောက်တဲ့အထိပင်။ ဘေးကနာရီကိုယူကြည့်မိတော့ ရှစ်နာရီထိုးခါနီး ထသင့်လေပြီ။ Taehyung ခေါင်းလေးကိုမနိုးအောင်မကာ လက်မောင်းပေါ်မှ ခေါင်းအုံးပေါ်သို့ ရွှေ့ကာ ဖြေးဖြေးချင်းထလိုက်သည်။

အခန်းငယ်သေးသေးလေးကိုမှ တကယ်သေးလိုက်တဲ့ကုတင်။ သူ့ခန္ဓာကိုယ် နဲ့တောင်မဆန့်လို့ ခြေထောက်က အနည်းငယ် စွန်းထွက်နေလေသည်။ သြော်... ဒါလည်း Min Yoongi အခန်းကို ရှိစေတော့။

..................................

jeon အိမ်တော်၏ ဧည့်ခန်း၌အဖွားဒါဟယ်နာ အပြင် ဟန်ဗြောနဲ့ Hoseok တို့ပါရှိနေသည်။

အခြေအနေစောင့်ကြည့်ရင်းတိတ်ဆိတ်နေသော အနေအထားကို ဟန်ဗြောမှ စတင်ဖြိုခွဲလိုက်သည်။

"အန်တီ ပြောရမှာတကယ်အားနာပေမယ့် မပြောမဖြစ်မို့လို့ပါ။လာရင်းအကြောင်းကတော့ အန်တီလည်းသိမှာ ဟိုတလောက TaeHyung ကိုယ်ဝန်ပျက်ကျတဲ့ ကိစ္စ မှာ ဒီမိသားစုရဲ့အတွင်းလူလည်းပါနေလို့ လာပြောရခြင်းပါ"

ဒါဟယ်နာက ကိုင်ထား​သော လက်ဖက်ရည်ခွက်ကို စားပွဲပေါ်ပြန်တင်လိုက်ကာ...

Marriage Knot {My Husband 2} Where stories live. Discover now