⚜TEN⚜

3K 305 5
                                    

မီးအလင်းအရောင်များ ထိန်လင်းကာ ဖြိုးဖြိုးဖျတ်ဖျတ် တလတ်လတ် တောက်ပနေပါသော
Jeon Company ပိုင် ကြယ်ငါးလုံးအဆင့် ဟိုတယ်ကြီးတစ်ခု။Taehyungတို့မိသားစုအားလုံး အောက်ထပ်တွင် တဆုံးမော့ကြည့်ရသည်။ အတောင်ပင်မြင့်လိုက်ပါဘိ။

များမကြားမီ Jungkook ထွက်လာကာ လာကြိုသည်။ Jungkook ခေါ်ရာနောက်သို့ လိုက်ခဲ့ကြတော့ လမ်းတစ်လျှောက်ရှိ ဝန်းထမ်းအားလုံးက ခေါင်းငုံကာအရိုအသေပေးကြကုန်သည်။

အားလုံးကလည်း ဒါဟာမကြာခင် တော်စပ်လာမည့် CEOရဲ့ မိသားစုဆိုတာ သိကြသည်။
Jimin ကတော့ အားနာသမှုနဲ့ သူပါလိုက်အရိုအသေပေးပေမယ့် အားကစားဝတ်စုံနဲ့ ကောင်မလေးကတော့ ခပ်တည်တည်ပါဘဲ ဖြတ်လျှောက်သွားလေသည်။ဟုတ်သည်လေ မလုပ်နဲ့လို့ပြောတော့ရော နာခံမှာတဲ့လား။ သူတ်ု့ဘာသာလုပ်ချင်လို့လုပ်နေတာ ပြောမရတော့ အလကားအာပေါက်တယ်။

အပေါ်ထပ်သို့တတ်ရန် ဓာတ်လှေကား စီးမည့်အခါတွင် ဟန်ဗြော တစ်ယောက် ထဖောက်လေပြီ။ စိတ်များလှုပ်ရှားလာလို့လား။

"ဟေ့ jeon jungkook "

သူ့နာမည်အား ရင့်ရင့်သီးသီးအခေါ်ခံရသောကြောင့် ဟန်ဗြောအားလှည့်ကြည့်လာသည်။

"Toilet ဘယ်နားလောက်ရှိလဲ"

"အပေါ်ထပ်မှာလည်းရှိတယ်။ အကယ်၍ မစောင့်နိုင်တော့ရင် ဘယ်ဘက်ထောင့်ချိုးနားလောက်မှာ ရှိတယ်။"

"ကျေးဇူးဘဲ"

"ပြီးရင် အပေါ်ဆုံးထပ်ကိုတတ်ခဲ့လိုက်နော် ဝန်ထမ်းတစ်ဦးလိုက်ပြပေးလိမ့်မယ်"

"သိပြီ ။ဒါဆို အမေတို့အရင်သွားနှင့်လိုက်နော်"

စိုးရိမ်နေပုံရတဲ့ Mrs.kim ဟာ သူ့သမီးလက်ကိုလှမ်းဆွဲထားရင်း မေးသည်။

"သမီး အဆင်ပြေလို့လား"

ဘယ်အရာမဆို မြိုသိပ်ထားတတ်ပြီး ကိုယ့်ထက်သူများကိုကြည့်ပေးတတ်တဲ့ သမီးလေး။ ကြံ့ခိုင်ချင်ယောင်ဆောင်ပေမယ့် စိတ်ပိုင်းဆိုင်ရာ နူးညံ့လွန်းတာ သူသာသိသည်။ ဟန်ဗြောက သူ့အမေလက်ပေါ်ထပ်ကိုင်ကာ ပြန်ပြုံးပြလိုက်သည်။

"သမီး အဆင်ပြေနေတာကြာပါပြီ အမေရဲ့ စိတ်မပူပါနဲ့ "

"ဟုတ်ပြီ။ဒါဆိုမြန်မြန်ပြန်ခဲ့နော်"

Marriage Knot {My Husband 2} Where stories live. Discover now