⚜THIRTEEN ⚜

3.3K 321 13
                                    

အတိတ်မှာ ထားရစ်ခဲ့တဲ့ ချစ်ရသူကို ပြန်ရှာရန် ဆုံးဖြတ်ပြီးနောက် ပစ္စုပ္ပန်မှာ အကောင်အထည် ဖော်ပေမယ့် ရေရေရာရာမရှိသေးပေ။

"Boss!"

အခန်းထဲမရောက်ခင် အပြင်က ကုန်းခေါ်လာသော သူ့ရဲ့ ကြေးကြီးကြီးငှါးထားရတဲ့ stalkerသမား။ အလုပ်မှာတော်လား မတော်လားမသိပေမယ့် တော်တော်အသံအောင်တဲ့ကောင်။

"ဘာကိစ္စလဲ ။ခိုင်းထားတာရပြီလား။"

အမောတကော ပြေးလာပြီး လူနားရောက်မှ ဟောဟဲ ဟောဟဲနဲ့။ ဘာကောင်မှန်းမသိ အာပြဲတာဘဲရှိတယ်။

"အဲ့တာဘဲပြောမလို့ Boss။ ဟန်ဗြော နောက်လိုက်ခိုင်းထားတာ ကျွန်တော်တို့လူတွေကို ရိပ်မိတယ်ထင်တယ်။ သူ့သင်တန်းက ပြန်ပြီးမကြာခင်ဘဲ မျက်ခြေပြတ်သွားတယ်။"

"အဲ့တော့ ဘာလဲ။ ငါကိုယ်တိုင် လိုက်ရမှာလား။
မိန်းကလေးတစ်ယောက်တောင် မကိုင်တွယ်နိုင်ဘူးလား။ မင်းကိုအကုန်အကျခံပြီးငှါးထားတာ ပေါတောတော နေခိုင်းဖို့မဟုတ်ဘူး။ အသေးအမွှားကအစ ငါကလိုက်လုပ်နေရမှာလား။ ပြီးတော့ မင်းတို့ကိုစုံစမ်းခိုင်းတာတစ်ယောက်။ တစ်လွဲတွေလာလုပ် ဘာမှလည်းခုထိမထူးခြားသေးဘူး။"

Yoongi တစ်ယောက် အလုပ်ကြောင့်ဒေါသထွက်နေတာရော စိတ်ရှုပ်တာရော ပေါင်းပြီး အထူးအပါးနားမလည်ဘဲ ခုချိန်မှ ရောက်လာတဲ့ အသုံးမကျတဲ့ကောင်ကို ပုံချမိသည်။ ပြောလိုက်တော့လည်း ရုပ်ကဖြစ်ပျက်နေတာ သနားစရာ။ဒါလား ကြေးစား။ သူလည်းဘယ်လိုလူမှငှါးမိမှန်းမသိတော့။

"ကဲပြော ပျောက်တဲ့နေရာက ဘယ်နေရာလောက်လဲ။"

"အဲ့တာက boss အမြဲတမ်း တစ်နေရာတည်းဘဲ အဲ့နေရာရောက်ရင်အလိုလိုပျောက်သွားတာ။ ကိုယ်ပျောက်လူသားကျနေရော။"

အဲ့တာဘဲကြည့် အကောင်းပြောနေရင် သောက်ပေါအတွေးတွေက ပြောပြန်ပြီ။

"အဲ့ပျောက်တဲ့နေရာနားတစ်ဝိုက် သေချာစောင့်ကြည့်ထားလိုက်။"

"Yes!boss. Bossဆီလာရင်အဖြေရမယ်ဆိုတာ သိနေတယ်။"

Yoongi ဘာမှမပြောဘဲသာ လက်ယက်ကာ ထွက်သွားရန်ပြလိုက်သည်။ ဒီလောက်ပြောဆိုထားတာတောင်အမှတ်မရှိဘူး။ တော်တော်အရည်ထူတဲ့ကောင်။

Marriage Knot {My Husband 2} Where stories live. Discover now