⚜THREE⚜

4K 374 21
                                    

သူရိန်နေမင်းကြီးက အလယ်တည့်တည့် ရောက်လို့နေပြီ။ အပူရှိန်ကလည်း ပြင်းလာသည်မို့ ပြတင်းပေါက်က ဝင်လာသောအပူဒဏ်ဟာ ဗလာကျင်းနေသော ခန္ဓာကိုယ်ကို ထိကပ်လာသည်။ ဟိုလှိမ့်ဒီလှိမ့်နှင့် မျက်နှာကိုနေစူးမှုကြောင့် အိပ်မရတဲ့အဆုံး အားယူတာထထိုင်လိုက်သည်။ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ သူနဲ့မရင်းနှီးသောနေရာတစ်ခု ကိုယ့်ကိုကိုယ် ပြန်ကြည့်လိုက်တော့ မိမွေးအတိုင်းပင်။ဘေးဘက်ကို ရုတ်တရက် လှည့်ကြည့်မိတော့ ကိုယ့်လိုပင် ဖြူးဖွေးပြီး ချောမွေ့လှသော အသားရေနှင့် မိမွေးအတိုင်း အိပ်နေပါသော ကောင်ငယ်လေး။

ထိုအခါမှ ညဖက်ကအဖြစ်အပျက်တွေဟာ ရုပ်ရှင်ပြသလို အနှေးကွက်နဲ့ အာရုံထဲတဖြည်းဖြည်းပေါ်လာတော့သည်။ သူ့ကိုဆေးခတ်လုပ်ကြံမှုတွင် ကောင်လေးဟာ ဓားစာခံဖြစ်သွားရရှာသည်။ ညကထိုကောင်လေးက ကိုယ့်ထက်ပိုပင်ပန်းထားမှုကြောင့်မနိုးတော့ဘဲ ကိုယ်လက်သန့်စင်ရန် အိပ်ယာပေါ်ကထလိုက်သည်။

မှန်ကိုကြည့်ရင်းဝတ်စုံပြည့်ဝတ်ဆင်နေတုန်း ကုတင်ပေါ်က ကောင်ငယ်လေးဟာ လူးလိမ့်လာသည်။

"နိုးပြီလား"

"အင်း မေမေ သုံးမိနစ်လောက်..."

Jungkook အသံထွက်ကာတစ်ချက်ရီမိလိုက်သည်။ ဒီကောင်လေးဟာ ယောကျာ်း လေးဆိုပေမယ့် ကလေးဆန်တတ်သည်။ ထိုပြင် မိန်းကလေးလို အသားအရေ ၊ ချောမောမှု ၊ ကိုယ်သင်းနံ့
တွေဟာ အခြားမိန်းကလေးထက်တောင်ပိုသေးတယ်ဆိုတာ ညကသူအသိဆုံးပင်။အတွေးတွေများနေပေမယ့်လက်ရှိမှာတော့ သူ့ဆီ ခေါင်းအုံးပျံတွေ လွှင့်စင်လာသည်။

သတိရသွားပြီး ခဏအကြာထထိုင်ကာ လူကို ရှိသမျှ ဟာတွေနဲ့လှမ်းပေါက်တော့တာပင်။

"ဟိတ် နေပါဦး ဟာ "

"လူယုတ်မာကြီး!!!!! လူကိုထိချင်သလိုထိတာ ခင်ဗျားက လူယုတ်မာ!!!!!!"

"ဟာ မပစ်နဲ့တော့ နေဦး Kim Taehyung!!!!"

နာမည်ကိုအော်လိုက်ကာမှ ပစ်လက်စတွေဟာလေပေါ်မှာရပ်တန့်သွားသည်။

"ကိုယ် ပြောတာကိုနားထောင်ပါဦး "

Jungkook က Taehyung ဘေးနားဝင်ထိုင်လိုက်တော့ Taehyung က ရှိရင်းစွဲ အနေအထားထက် စောင်ကိုအပေါ်သို့ပိုတိုးကာ ခြုံလိုက်သည်။

Marriage Knot {My Husband 2} Where stories live. Discover now