⚜FOUR ⚜

3.6K 361 11
                                    

နှစ်လကြာပြီးနောက် တွင်

Taehyung တို့မိသားစုလည်း အရာရာအတည်တကျဖြစ်လာသည်။ အရင်ဖြစ်ခဲ့သောကိစ္စတွေကိုလည်းမေ့လျော့သလောက်ဖြစ်ကာ အဆင်ပြေပြေ ရှိခဲ့သည်။ Taehyung လည်းMin group တွင် အလုပ်ရခဲ့သည်။ ဟန်ဗြောသည်လည်း ပြိုင်ပွဲတိုင်း ရွှေတံဆိပ်ရကာ ခါးပတ်နက်ကိုလည်းရနေပြီဖြစ်သည်။ jimin သည်လည်း ကျောင်းပြီးကာ မကြာခင်ကပိုင်ဆိုင်ခဲ့သော ကိုယ်ပိုင် cakeဆိုင်တွင်မေမေနဲ့အတူ ဝိုင်းကူပေးနေသည်။ သူတို့မိသားစုအရင်ကစာရင် ပိုပြီး အတည်တကျနဲ့ အဆင်ပြေလာသည်လို့ဆိုရမည်။

"သား အလုပ်သွားတော့မလို့လား"

အောက်ထပ်က Mrs.kimကTaehyungကို မေးလေသည်။

"ဟုတ်ကဲ့ မေမေ ဗြောလေးရော ပြီးပြီလား"

ဟန်ဗြောဟာ ခုချိန်ထိသူ့ရဲ့ မွေးစားမေမေကြီးတစ်ယောက် ပြုမူနေတုန်းပင်။ မနက်တိုင်းသူတို့မိသားစုကို ကိုယ်ပိုင်တာဝန်ကျနေရာတွေဆီကို လိုက်ပို့ပေးသည်။ ပြီးမှ သူ့ရဲ့ လေ့ကျင့်ရေးရုံကိုသွားသည်။

"ဗြောလေးရေ Taehyung လေးအဆင်သင့်ဖြစ်ပြီကွယ့်"

Mrs.kim ဟာအိမ်ထဲကိုလှမ်းအော်ရင်း ခေါ်လေသည်။ ထုံးစံအတိုင်း တိုက်ကွမ်ဒို အင်္ကျီ နှင့်ဦးထုပ်ကိုငိုက်ဆောင်းထားသော ဟန်ဗြောကထွက်လာခဲ့သည်။

"သွားမယ်လေ "

အိမ်တွင် ကားမောင်းတတ်သူဟာ Taehyung နဲ့ဟန်ဗြော သာရှိသည်။ တစ်စီးတည်းသောကားကို မနက်တိုင်းဟန်ဗြောကမောင်း၍ အကုန်လုံးကိုလိုက်ပို့ပေးသည်။ ညနေဆို မေမေနဲ့ညီလေးက ဈေးဝင်ရင်းပြန်တော့ ကြိုစရာမလိုပေမယ့် သူ့ကိုဟန်ဗြောကလာကြိုပေသည်။
အကြောင်းအရင်းက စိတ်မချလို့ တစ်ခုတည်းပင်။

အကုန်ကားပေါ်ရောက်ကာအဆင်သင့်ဖြစ်နေပြီဖြစ်သော်လည်း Taehyung စိတ်ထဲဘဝင်မကျပေ။

"ဗြောလေး နင့်ဦးထုပ်ကြီးကိုမချွတ်ဘူးလား"

"ရတယ် နင်တို့နောက်ကျနေတော့မယ်"

ဒါကို jimin ကစေတနာပိုကာဆွဲချွတ်ပေးလိုက်သည်။

"မမဗြော ကလည်း မချွတ်ရင် ကားမောင်းတာဘယ်မြင်ရမလဲ"

Marriage Knot {My Husband 2} Where stories live. Discover now