⚜SIX⚜

3.4K 367 4
                                    

ယခုတွင် yoongiတို့ထက် Jungkook တို့ company ကပို၍အောင်မြင်လေသည်။ဒါအပြင်
Jeon company ၏သမီးနှင့်တစ်ဦးတည်းသောမြေးလေး၏ မင်္ဂလာပွဲကလည်းနီးကပ်လာတာမို့ လူအများကြား ထိုသတင်းက ရုတ်ရုတ်သဲသဲ ဖြစ်နေလေသည်။

(Jeonရေ Rosyညနေကျရင် wedding dressရွေးဖို့မေမေတို့နဲ့လာခဲ့မယ်နော် I love you❤)

Jungkookဝင်လာတဲ့ message ကိုတစ်ချက်ဖတ်ပြီး ဖုန်း screen ပေါ်လက်တွေပြေးလွှားလိုက်သည်။ ထိုကား"အင်း"

.
.
.
.

"သားလေး နေရတာအဆင်ပြေရဲ့လား လိုအပ်တာဆရာဝန်ကိုတစ်ခါတည်းပြောပြနော်"

"ဟုတ်ကဲ့ပါ"

Taehyungနဲ့ Mrs.kimတို့ ရက်ချိန်းရောက်သည်မို့ ဆေးခန်းပြရန်လာသော်လည်း မဝင်ခင် အမှာစကားခြွေရတာ သူ့အမေ၏အလုပ်တစ်ခု။
သူ့မြေးလေးကို ချစ်သည်ထင်ပါ့။ ဒီကလေးကိုမွေးတာ သူ့လုပ်ရပ်ကမှန်ပါ့မလား စိုးရိမ်မိပေမယ့် သူ့အမေ ပျော်နေတာမြင်တော့ စိတ်သက်သာရသား။ ဒါဆို သူကကော ကလေးအကြောင်းသိရရင် ပျော်ပါ့မလား။

Taehyungခေါင်းကို ဘယ်ညာရမ်းလိုက်ကာ အတွေးတွေကိုထုတ်ပစ်လိုက်ပြီး ဆေးခန်းပြရန်ဝင်ခဲ့လိုက်သည်။

"ကလေးကော ကိုယ်ဝန်သည်ကောအကုန်ကျန်းမာပါတယ်။ ကလေးကအခုကစတဖြည်းဖြည်း ဖွံ့ဖြိုးလာပြီမို့ အထူးကရုစိုက်ပေးပါနော်"
(လျှောက်ရွှီး:") )

"ဟုတ်ကဲ့ပါရှင့် ဒီကဆရာဝန်မလေးကိုလည်း ကျေးဇူးတင်ပါတယ်"

Mrs.kim ဟာတရိုတသေပြောပြီး ထွက်လာခဲ့သည်။ သူတို့မိသားစုတွင် မကြာခင် ဆည်းလည်းသံလေးတွေရောက်လာတော့မည်။ ထိုဆည်းလည်းသံလေးကြောင့် အိမ်မှာသာယာပြီး လူတိုင်းချစ်ကြမည်ကိုလည်း ယုံကြည်သည်။

"မေမေ သားတစ်နေရာကိုခဏဝင်လို့ရလား"

Taehyungနှင့် သူ့အမေတို့ yoongiပေးထားသော လိပ်စာအရ Jungkook ရဲ့ company ရှေ့သို့ရောက်နေကြသည်။

"သား ဒီမှာရှိနေတဲ့သူက မြေးလေးရဲ့အဖေအရင်းလား"

Taehyung ဟာခေါင်းငြိမ့်ပြလိုက်တော့ Mrs.kimကသက်ပြင်းချသည်။

"သားအဆင်ပြေရဲ့လား"

"မေမေ သား အများကြီးဘာမှ မမျှော်လင့်ဘူး သူတာဝန်မယူလို့လည်းဘာမှမဖြစ်ဘူး သူ့စိတ်ဓာတ်ပေါ့ ဒါမဲ့ ကျွန်တော့်တာဝန်အရ သူက ကလေးအဖေဖြစ်တယ်ဆိုတာကိုတော့ အသိပေးချင်တယ်"

Marriage Knot {My Husband 2} Where stories live. Discover now