⚜FIVETEEN⚜

3.4K 344 25
                                    

လူတိုင်းမှာဘဝရဲ့ တစ်ဆစ်ချိုး ပြောင်းလဲချိန်တော့ရှိကြမြဲပါ။ တစ်ယောက်နဲ့တစ်ယောက် မတူညီတာက လွဲ၍ လောကနိယာမ အတိုင်း အနိမ့်အမြင့်ဇာတ်ခုံကို ကျရာ ဇာတ်ရုပ်အတိုင်း လျှောက်လှမ်းနေကြရသည်။ ချစ်ခင်နှစ်သက်သူနဲ့ အတူနေထိုင်ရတာလည်း မင်္ဂလာရှိသော ဘဝရဲ့ တစ်ဆစ်ချိုး အချိန်ပါဘဲ။ထို ပြောင်းလဲချိန်လေးဟာလည်း လူတိုင်း ပျော်ရွှင်ကြမယ်လို့ ယုံကြည်တယ်။

အဖြူရောင်တွေသာခြယ်မှုန်းထားတဲ့ ခန်းမကျယ် အတွင်း လူကုံထံအသိုင်းအဝိုင်းတွေ ဝင်လိုက်ထွက်လိုက်နှင့် အလုပ်ရှုပ်နေကြတယ်။ အခြေအနေ အနေအထား မတူညီသူနှစ်ဦးရဲ့ မင်္ဂလာပွဲ အခမ်းအနားဟာ ဘက်လိုက်ပြောဆိုမှုတွေအနည်းအကျဉ်းတော့ ရှိကြသည်။ ထိုကဲ့ရဲ့ ဝေဖန်သံတွေကိုကြားနေရတဲ့ Taehyung တို့မိသားစုကတော့ ကြားနေပေမယ့်လည်း မသိချင်ယောင်ဆောင်နေရတာ ခက်လှချေတယ်။

"အမေ ပြောနေတာတွေ ကြားလား ။ သည်းမခံနိုင်တော့ဘူး။"

အဝင်ပေါက်ဝတွင် ဧည့်သည် များအား ခရီးဦးကြိုပြုနေရသည့် Mr.kim အားဟန်ဗြောတစ်ယောက် မနေနိုင်မထိုင်နိုင်တော့၍ လာတိုင်ရှာသည်။

"သည်းခံလက်စနဲ့ သည်းခံလိုက်ပါကွယ်။ မကြာခင်ပွဲတောင်စတော့မှာ ခမည်းခမက် တွေလည်း ရှိနေတာ ပြောစရာတွေဖြစ်ကုန်ပါမယ်။"

မျက်နှာချင်းဆိုင်မှ သူတို့နည်းတူနှုတ်ဆက်နေသော Jungkook တို့ မိသားစုကို မေးငေါ့ပြရင်း ပြောပြလေတယ်။

"သွား ...သွား အထဲမှာ ဧည့်သည်တွေကို နေရာထိုင်ခင်းလိုက်ပြပေးလိုက်ဦး"

"သမီးက စားပွဲထိုးလား.....လုံခြုံရေးလား....လူတွေရှိနေတာကို"

"ကဲ ပွစိ ပွစိနဲ့."

ပြောလိုက်ကာမှဘဲ ပေကပ်ကပ်နဲ့ ဝင်သွားတော့သည်။
အနောက်မှ တိုးတိုး.....တိုးတိုး နဲ့ ခွန်းတုံပြန်နေသော သမီးဖြစ်သူအား Mr.kim ချစ်ရပါသည်။
သူ့ကြောင့်နဲ့ဘဲ ဒီမီသားစုက ဒီအခြေအနေထိရောက်လာတာ ဟန်ဗြောဟာ သမီးအရင်းမဟုတ်ပေမယ့် ဘုရားကပေးတဲ့လက်ဆောင်မွန်တစ်ခုလိုပါဘဲ။ သူတို့မိသားစုရဲ့ ပဲ့ ၊ သူတို့မိသားစုရဲ့ ကျောရိုးတိုင်၊သူတို့မိသားစုရဲ့ အဓိကပါဘဲ။

Marriage Knot {My Husband 2} Where stories live. Discover now