⚜SIXTEEN ⚜

3.3K 331 10
                                    

ကုတင်ပေါ် လဲလျောင်းနေသူ၏လက်ဖဝါးနုနုအား နစ်ဝင်သည်ထိ အားကိုးတကြီး ဆုပ်ကိုင်ထားမိသည်။

ယခုချိန်ထိသတိရမလာသေးသော Taehyung ။
ကုတင်ဘေး အရိပ်တကြည့်ကြည့် နဲ့ jungkookထိုင်စောင့်နေခဲ့သည်။ စိုးရိမ်စွာနဲ့ပေါ့။
Taehyung မေ့လဲသွားသောကြောင့် မင်္ဂလာပွဲလည်း တစ်ဝက်နှင့်မအောင်မြင်ခဲ့ပေ။ သို့သော်ဒါတွေက အရေးလား?။ အဓိကဟာ Taehyung ကိုယ်ထဲမှာ လွယ်ထားတဲ့ သူရဲ့ကလေး။ ကလေးငယ်လေး ဘေးကင်းဖို့သာ အရေးကြီးသည်။ ကလေးငယ်ဘေးကင်းဖို့ရာ Taehyung သည်လည်း အန္တရာယ်ကင်းမှဖြစ်လေမည်။

သူသည်လည်း ဘာကြောင့်ဒီလိုတွေ ပူပင်နေရလဲမတွေးတတ်တော့။ စီးပွားရေးမှလွဲ၍ ဘာဆိုဘာမှ စိတ်မဝင်စားခဲ့သော သူဟာ ခုဆို မိဘမေတ္တာဆိုသောအရာကို ပထမဦးစွာ ခံစားတတ်ခဲ့ဖူးပြီ။ ကိုယ့်ကလေးဆိုသောအသိက စိတ်အား ပျော်ရွှင်စေလေသည်။ ဒီကလေးလေးသာ လူ့လောကထဲရောက်လာရင် ဘယ်လိုတွေ ထိန်းကျောင်းမယ် သွန်သင်မယ်ကအစ စိတ်ကူးယဉ်ရတာ အလုပ်တစ်လုပ်လိုပင်။ လိင်အမျိုးအစား မသိရသေးပေမယ့်လို့ ကြိုတွေးရတာလည်း ပျော်ရွှင်ရင်ခုန်ခြင်းအတိဖြင့် ပီတီဖြာဝေရသည်။

Jungkook အပါအဝင် ကျန်သောမိသားစုဝင်များသည်လည်း ပွဲအခမ်းအနားအား ပစ်ထားကာ ဆေးရုံတွင်သာ အခြေအနေစောင့်ကြည့်နေကြသည်။

"ဆရာ ကျွန်မသားလေး အဆင်ကောပြေရဲ့လား"

အခန်းထဲဝင်လာသော တာဝန်ကျ ဆရာဝန်အား Mrs.kim တစ်ယောက် ပူပန်စွာမေးမြန်းလိုက်တယ်။

"လူနာက stressကြောင့် ပင်ပန်းပြီး သတိလစ်သွားယုံပါ။ ပြီးတော့ မပေါ့မပါးကြီးနဲ့ထင်တယ်နော်။ သေချာလေး ကရုစိုက်ပေးပါ။ မစိုးရိမ်ပါနဲ့ ခဏနေ သတိပြန်ရလာမှာပါ"

"ဟုတ်ကဲ့ပါ ဆရာ ကျေးဇူးပါ။"

ဆရာဝန်ထွက်သွားပြီး မကြာ Taehyung နိုးလာခဲ့သည်။

"သားလေး နိုးလာပြီ ။အဆင်ပြေရဲ့လား ။ထနိုင်ရဲ့လား။"

တစ်ဖက်က Jungkook က လက်ကိုဆုပ်ကိုင်ထားကာ တစ်ဖက်တွင် မေမေက စိုးရိမ်တကြီး ရှိလေသည်။

Jungkook ကိုင်ထားသောလက်အား ရုန်းလိုက်ရင်း ငြင်းဆန်လိုက်တယ်။

Marriage Knot {My Husband 2} Where stories live. Discover now