⚜TWENTY - SIX⚜

4.2K 217 30
                                    

မနက်ခင်းစောစော jeon အိမ်တော်၏ဧည့်ခန်း၌ jeon မိသားစုနှင့် Kim မိသားစု တို့စုံလင်စွာ စုဝေးလျက်ရှိကြသည်။

စားပွဲရဲ့ထိပ်ခေါင်တွင် ထိုင်နေသည့် အဖွားဒါဟယ်နာမှ စတင် စကားဦးကြိုပြောပြောလေသည်။

"ဒီနေ့ ခမည်းခမက် တို့ကို ခေါ်လိုက်ရတဲ့အကြောင်းအရင်းကတော့ ကျွန်မတို့ဘက်ကနေ ဟောဒီက Taehyung လေးကိုရော Mrs.kim ကိုပါ အနူးအညွတ်တောင်းပန်ချင်လို့ပါ။ ဖြစ်ပြီးခဲ့တဲ့ကိစ္စတွေကိုလည်း Hoseok ကျေးဇူးနဲ့အကုန်သိရှိပြီးပါပြီ။ တကယ်လက်မခံနိုင်စရာပါ Jeon အိမ်တော်မှာ ဒီလိုလူတွေရှိနေတာ မသိခဲ့မိလို့ ကျွန်မအပြစ်လည်းအများကြီးပါပါတယ်။ အဲ့တာကြောင့်ကျွန်မကိုယ်တိုင် ထိုက်သင့်တဲ့အပြစ်ကိုပေးပြီးပါပြီ။ မကြာခင်ကျန်တဲ့သူတွေကိုလည်း ဆက်ဖော်ထုတ်သွားမှာပါ အဲ့အတွက် ခမည်းခမက် ဘက်က မကျေနပ်တာ ရှိသေးရင်ပြောပြပါ ကျွန်မတတ်စွမ်းနိုင်သလောက် ကူညီပါ့မယ်။ "

ဒါဟယ်နာက ခေါင်းငုံ့အရိုအသေပေးကာ သူ့အား လေးလေးစားစားပြောဆိုတော့ Mrs.kim တစ်ယောက်မနေတတ်။
ထိုနည်းတူ jungkook ဟာလည်း သူတို့အား တောင်းပန်လေသည်။ သူ့သားအား တစ်ချက်အကဲခတ်မိတော့ jungkook ကို ကြည့်နေလေသည်။ ဒီပုံစံကြည့်ရသလောက်တော့ Taehyung ဘက်က ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်မည့်ပုံပေါ်နေသောကြောင့် သူလည်းပဲ ဝင်စွက်ဖက်စရာမလိုပေ။

"အဲ့လိုမလုပ်ပါနဲ့ ခေါင်းမော့ပါ jungkook ရောပဲ ။ ​ဖြစ်ပြီးခဲ့တာတွေက ပြန်အဖတ်ဆယ်လို့ရတော့တာမှမဟုတ်ပဲ ရှိစေတော့ အခုလက်ရှိမှာက သားလေးနဲ့ jungkook တို့ စိတ်ဆန္ဒကပဲ အရေးကြီးတာပါ ။ သူတို့လေးတွေရဲ့ သဘောထားကိုပဲ ကျွန်မလက်ခံမှာပါ"

ထိုစကားကိုကြားတော့ အရာအားလုံးက Taehyung ခေါင်းပေါ်ရောက်လာလေသည်။
သူ့ရဲ့ဆုံးဖြတ်ချက်က အားလုံးရဲ့ Taehyung ပါးစပ်ဖျားတွင်သာရှိလေတော့သည်။

jungkook ရဲ့မျက်နှာကိုတစ်ချက်ကြည့်လိုက်သော် သူ့ကိုသာ စိုက်ကြည့်နေခဲ့သည်။ မျက်ဝန်းထဲတွင်တော့ ဝမ်းနည်းရိပ်သန်းကာ သူအဖြေကိုသာ အားကိုးတကြီးမျှော်လင့်နေခဲ့သည်။

Marriage Knot {My Husband 2} Where stories live. Discover now