⚜EIGHT ⚜

3.3K 343 2
                                    

အချစ်ဦးနှင့် ဘယ်တော့မှမပေါင်းစည်း ရဘူးလို့ ပြောကြတယ်။ တကယ်တော့ ဆုံစည်းရတဲ့သူများလည်းရှိသကဲ့သို့ ဒီအဖြစ်အပျက်ဟာ ရှားပါးလွန်းသည်။ မပေါင်းစည်းရဘူးလို့ပြောကြတဲ့ တသတ်မတ်တည်း ဥပဒေစကားကို Min yoongi ဆိုတဲ့သူဟာ ခုချိန်မှာ သူကိုယ်တိုင် ချိုးဖောက်တော့မည်။

"ပြန်လာပြီလား"

အလုပ်ကပြန်လာသော yoongi ကို ဖခင်က လေသံမာမာနှင့် ဆီးကြိုသည်။

"ဟုတ်ကဲ့ "

"လာထိုင်"

ဧည့်ခန်းသို့ ထိုင်ရန်ခေါ်ပေမယ့် ဘာပြောမလဲဆိုတာကိုသိနေသည်။ တစ်နေ့တစ်နေ့ ရိုးအီအောင် နားထောင်နေရတဲ့ ဒီစကားတွေ။ အလွတ်ကျက်မှတ်စရာမလို သံပတ်ပေးသလိုပြောနေလို့ အန်ထုတ်ရင်တောင် အလုံးလိုက်ထွက်ချတဲ့ထိ မှတ်မိနေသည်။

"ကျွန်တော်ပင်ပန်းနေပြီ "

"သားရယ် ခဏလေးပါဘဲ"

မီးဖိုချောင် ထဲမှ ရေအေး ဗန်းကိုင်ကာ ထွက်လာတဲ့ မိခင်ကြောင့်စိတ်ကိုလျော့ချလိုက်ဝည်။ လေကုန်ခံပြီး စကားတွေဆက်မပြောချင်တော့ပေ။

"ရော့ ငါတို့ရွေးပေးတာမကြိုက်ရင် ကိုယ့်ဘာသာရွေး ယောကျာ်းလေးတွေလည်းပါတယ်"

ဖခင်ဖြစ်သူမှ အထပ်လိုက်ပစ်ချပေးသော ဓာတ်ပုံတွေက စားပွဲပေါ် ပြန့်ကျဲ့လို့နေတယ်။တစ်ချိန်က သူ့ကို သဘာဝကိုလွန်ဆန်ပြီး ယောကျာ်းလေးတွေ သဘောကျမှာဆိုးလို့ အဝေးကိုပို့ခဲ့သည်။ ဒါကိုအခုမှ ဘာစိတ်ကူးပေါက်ပြီး ယောကျာ်းလေး မိန်းကလေး မရွေးဘဲ လက်ထပ်ရင်ပြီးရော လုပ်စေချင်နေတာလဲ။

"ဒါက ဘာအတွက်လဲ"

တန်ပြန်မှုကိုလိုချင်လို့ သိသိကြီးနဲ့ မေးလိုက်ခြင်း။

"ငါတို့ရွေးပေးတာကျတော့ မကြိုက်ဘူးငြင်းလွှတ်တယ်။ မင်းအကြိုက် ယောကျာ်းလေးရွေးပေးတော့လည်း သူများသွားတွေ့ခိုင်းပြီး ပြဿနာ တွေရှုပ်ခဲ့တယ်။ အဲ့တာကြောင့် ကိုယ်ဘာသာရွေးပြီး နက်ဖြန်သွားတွေ့ဖို့လုပ်"

အရင်ထက်ပိုဆိုးရွားလာခဲ့သော စကားလုံးတွေကြောင့် Yoongi ဂျစ်ကန်ကန် အကြည့်နှင့်ပြန်ကြည့်လိုက်တယ်။ သူ့ခံစားချက်၊ ဘာလိုချင်တယ် ၊ဘာဖြစ်ချင်တယ် ကိုမသိကြဘဲ သူတို့သဘောအတိုင်းလုပ်နေကြတာ ကြာလာခဲ့ပြီ။

Marriage Knot {My Husband 2} Where stories live. Discover now