⚜NINE⚜

3.1K 304 4
                                    

မနာလိုဝန်တို တတ်သူတွေဟာ အမြဲတမ်းပူလောင်နေရတယ် ဆိုတဲ့စကားက သိပ်ကိုမှန်သည်။အရာရာကို မလိုမုန်းထားမှု၊ အလိုမကျမှု ရှိသောကြောင့် လောဘ၊ ဒေါသ ၊ မောဟ မီးတို၏့လောင်မြိုက်ခြင်းကိုခံစားရကုန်သည်။

"ဝုန်း......"

စားပွဲပေါ်ကရှိသမျှအရာမှန်သမျှကို လက်နဲ့တွန်းချလိုက်သည်။

"အားးး !!! ဘာလို့လဲ...."

"စိတ်ထိန်းပါဦး သမီးရယ်"

"အခုအခြေအနေမှာ စိတ်ထိန်းနေရမှာလား မာမီ"

"အခွင့်အရေးတွေအများကြီးရှိပါသေးတယ်"

"ဒါပေမယ့် မာမီ အကုန်စီစဉ်ထားပြီမှ ကြားထဲကအနှောက်ကဝင်လာရတယ်လို့ ။ ဒါတွေအကုန် Taehyung ဆိုတဲ့ ပိုင်းလုံးကောင်ကြောင့်။ ယောကျာ်းလေးဖြစ်ပြီး မိန်းမလိုလိုဘာလိုလို ရွံစရာကောင်းလိုက်တာ။ သူသာဝင်မရှုပ်ခဲ့ရင် ခုချိန် Jeonကို သမီးပိုင်ဆိုင်နေရပြီ။"

"သမီးအဆင်ပြေအောင် မာမီလုပ်ပေးမယ်။ အခုကတော့ သူဌေးမကြီး ကိုယ်တိုင်ဝင်ပါနေလို့ ကိုင်တွယ်ဖို့ခက်လိမ့်မယ်။ နောက်ပိုင်း မာမီလုပ်ပေးမယ်။ဟုတ်ပြီလား။"

"စောင့်ကြည့်လိုက် Kim Taehyung,Jeonနဲ့ဘယ်တော့မှ လက်မထပ်စေရဘူး။ Rosyအကြောင်းကောင်းကောင်းသိစေရမယ်"

Rosy တစ်ယောက် ဒေါသတွေလောင်မြိုက်ရင်း ကြုံးဝါးလိုက်သည်။

လွန်ခဲ့သော တစ်နာရီခန့်.........

တင်းတောင်....

Rosyတစ်ယောက် ဘဲလ်သံကြားတာကြောင့် အိမ်ရှေ့ကိုပြေးထွက်သွားသည်။ ခလုတ်လေးကိုနှိပ်ကာ တံခါးဖွင့်ပေးလိုက်တော့..

"Jeon!!ထူးထူးခြားခြားပါလား။ Rosyကိုကြိုမပြောဘူး။ ညနေစာအတွက်ပြင်ဆင်ထားလို့ရအောင်ကို။"

"ရတယ် ။ကိုယ် ခဏဘဲဝင်လာတာပြောစရာရှိလို့"

"ထိုင်လေ"

ဧည့်ခန်းရှေ့ ဆိုဖာတွင် နှစ်ဦးသားဝင်ထိုင်လိုက်သည်။

"Rosyကိုဘာပြောမလို့လဲ"

"အခုကိစ္စက အရေးကြီးတယ်။ ကိုယ် Rosyကို အားလည်းနာတယ်။တောင်းလည်းတောင်းပန်တယ်။"

Marriage Knot {My Husband 2} Where stories live. Discover now