⚜EIGHTEEN ⚜

3.5K 369 40
                                    

ရာသီတွေအလီလီ ကုးပြောင်းလာပြီး အချိန်တွေ ကြာညောင်းလာခဲ့ချိန်မှာတော့ ငါးလဆိုတဲ့ အချိန်စက်ဝန်းကို ရောက်ရှိခဲ့လေပြီ။ Taehyung ရဲ့ ဗိုက်ဆူဆူလေးကလည်း နဂိုထက် ပိုပူလာလေပြီး သရုပ်မှန်ကို သိရတော့မည်။

တီရှပ်ခပ်ပွပွကိုမှ သိုးမွေးဆွယ်တာ ထပ်ကာ အိမ်ရှေ့၌ Jungkook အလာအား ထွက်စောင့်နေလေသည်။ ဆောင်းရာသီရောက်လာပြီမို့ အနည်းငယ် အေးစပြုလာလေသောကြောင့် အခိုးအငွေ့တို့က ပါးစပ်မှ တထောင်းထောင်း။ ဆွယ်တာ
အား ပိုတိုးကာ ကိုယ်ကို ကျုံဝင်လိုက်တယ်။

အသားရောင် သိုးမွေးပွပွလေးကို ဝတ်ထားတဲ့ ကောင်လေးကိုမြင်တော့ Jungkook လိုလိုပြုံးမိပါရဲ့။ ကားကို သူ့ရှေ့ရပ်လိုက်ပြီး တံခါးဖွင့်ပေးရန်သွားလိုက်သည်။ဒီနေ့ဟာ Taehyung နဲ့သူနဲ့ ဆေးရုံသွားပြမည့်နေ့။ သူ့ရဲ့သွေးသားဟာ မိန်းကလေးလား ယောကျာ်း လေးလားသိရတော့မည်မို့ စိတ်လှုပ်ရှုားမှုက ရပ်တန့်လို့မရပေ။ ဒါဟာ အဖေတစ်ယောက်ရဲ့ ခံစားချက်ပါလားလို့တွေးထင်မိတယ်။

"ဘာလို့အပြင်မှာထွက်စောင့်နေတာလဲ။ ကိုယ်ရောက်ရင်ပြောမှာပေါ့"

"ရတယ်။ နည်းနည်း လောက်လည်း လမ်းလျှောက်ချင်လို့"

"တော်သေးတာပေါ့ ဝယ်လာမိလို့ အေးတယ်"

Jungkook က ကားနောက်ခန်းထဲက မာဖလာ အပြာနုလေးကို သူ့အားစည်းနှောင်ပေးတယ်။
Jungkook က အရင်နဲ့မတူညီစွာ တစ်ဖြေးဖြေး သူ့အပေါ် နူးညံမှုကိုပြသလာသည်။ တစ်ခါတစ်ခါတော့ ရင်ခုန်မိပါရဲ့ သို့သော် နောက်ဆုံးအဖြေကိုသိနေတဲ့ သူ့အတွက်တော့ နှုတ်ဆိတ်နေယုံသာဖြစ်သည်။ ခံစားချက်ထက် ကလေးငယ်ကို ကာကွယ်နိုင်ဖို့ကအရေးကြီးလေတယ်လေ။ Jungkook နဲ့သူဟာ တရားဝင်မယူရသေးပေမယ့် သူ့ရဲ့ စကားကြောင့် အဘွား ဒါဟယ်နာ က မင်္ဂလာပွဲကို ဆိုင်းငံထားလေသည်။

လဝက်ပိုင်းကိုရောက်လာလေပြီမို့ Taehyungကိုဂရုစိုက်ရန်အရေးကြီးလာသည်။ ကားပေါ်ကဆင်းရလွယ်စေရန် Taehyung ပုခုံးနှစ်ဖက်အား အသာပွေ့ဖက်လိုက်သည်။

"ရလား ဖြေးဖြေးလျှောက်ဦး ။ အဆင်မပြေရင် ကိုယ့်ကိုအားယူလိုက်"

Marriage Knot {My Husband 2} Where stories live. Discover now