⚜TWENTY - TWO⚜

3.1K 283 30
                                    

ဒေါက် ဒေါက်......ဒေါက် ဒေါက်

အတော်ကြာတဲ့ထိ ရပ်မသွားတဲ့ ဆူညံမှုကြောင့် Jungkook ထလိုက်ရသည်။ အိစက်နေတဲ့ အဖြူရောင်အိပ်ယာ ပေါ်တွင် အပေါ်ပိုင်းဗလာနဲ့ ရှိနေသည်။ ညက ဘာတွေဖြစ်သွားလဲ ၊ ဒီကိုဘယ်လိုရောက်လာလဲ သူလည်းမမှတ်မိ။ ဒါတွေ တွေးတောမယ့်အစား အရင်ဆုံး ခေါက်နေသည့် တံခါးကို အလော သုံးဆယ် သွားဖွင့်လိုက်သည်။

"မင်္ဂလာပါ ဧည်သည့် ။ ဧည့်သည်အတွက် အဝတ်အစား နဲ့ စားစရာ မှာပေးထားလို့ လာပို့တာပါ "

ဝန်ထမ်းကောင်လေးရဲ့စကားကြောင့် Jungkook ကြောင်အသွားလေသည်။

"မှာပေးတယ်? ဘယ်သူကလဲ"

"ဒီစာလေးပါ ဧည့်သည် နိုးရင်ပေးခဲ့ဖို့ မှားသွားပါတယ် ဒါဆို ကောင်းသောနေ့လေးဖြစ်ပါစေ"

ကောင်လေး ထွက်သွားပြီး ပေးခဲ့သော စာတိုအား ဖတ်လိုက်သည်။

"Jeon

ညက တအား မူးနေလို့ အိမ်မပြန်ပို့တော့တာ
Rosy လည်း မနက်အလုပ်လေးရှိလို့ မစောင့်ပဲ ထွက်လာခဲ့လိုက်တယ် sorryပါနော် ။ ညက ပျော်ခဲ့ရပါတယ် ။

Rosy"

ဆိုတဲ့ စာအပိုင်းလေး ။ သူကို Rosy ပို့ပေးခဲ့တာပေါ့ ။ ဒါပေမယ့် သူ နောက်ဆက်တွဲ ဘာမှမမှတ်မိ။
စိတ်ထဲ နည်းနည်းတော့ ထင့်နေပေမယ့် အရေးတယူမလုပ်တော့ပဲ ရေချိုးရန်ပြင်လိုက်တော့သည်။ ဘယ်လောက်တောင်သောက်မိလို့ လူသူမှန်း မူးသွားရလည်းမသိ။ jeon jungkook ဘဝမှာ မဖြစ်ဘူး ဒါတွေဖြစ်နေရသည်။Kim Taehyungဝင်ရောက်ခဲ့ပြီးမှပေါ့။ အရက်က တစ်ကယ်ရန်သူ၊ နောက်မသောက်တော့ဘူးလို့သာ Jungkook ဆုံးဖြတ်လိုက်သည်။

.............................................

ဒေါက်မြင့်ဖိနပ်ကို တောင်နဲ့မြောက် ချွတ်ကာ တောင့်တင်းနေသည့်ခြေထောက်ကို နှိပ်နယ်ရင်း ညည်းညူ နေသည်။ နေ့လည်ထမင်းစားချိန်တွင် ဟန်ဗြော တစ်ယောက် မကြာသေးမီကခင်ခဲ့သော ဝန်ထမ်းတစ်ချို့နဲ့ ဘာဂါနဲ့ မုန့်စားရန်ရောက်နေသည်။

တစ်နေကုန်မတ်တပ်ရပ်ရသည့်အပြင် မစီးဘူးတဲ့ဒေါက်ကြောင့် ဖနောင့်မှာ အရေကြည်ဖုထတဲ့ထိ၊ ဒါအပြင် တောင့်တင်းကာညောင်းချိနေသည်။

Marriage Knot {My Husband 2} Where stories live. Discover now