အချိန်အားဖြင့် မနက် ခုနစ်နာရီ ပုံမှန်လာနေကျထက် Company ကိုစောရောက်နေသည်။ စိတ်ကြည်နေတာလည်းပါကောင်းပါလိမ့်မည်။
သီချင်း အေးအေးလေး ကိုညည်းရင်း ဖိုင်တွဲတွေကို စစ်ကြည့်လိုက်သည်။ ထိုစဉ် "ဝုန်း" ဆိုသော ဆူညံသံကြောင့် အာရုံလွင့်သွားလေသည်။ သို့သော်ကြည်နေသော စိတ်တော့ မပျံ့လွင့်....
"ဘာတွေ အရေးကြီးနေလို့ တံခါးခေါက်ဖို့တောင် မေ့နေရတာလဲ .....ငါ့အခန်းကို နင့်အိပ်ခန်းလို့ သတ်မှတ်နေသလိုပဲ"
အနောက်မှ မိုက်ကယ်အား ဆွဲရန်ဝင်လာသော အတွင်းရေးမှူး မလေးကို လက်ပြကာ ထွက်သွားရန် အချက်ပြလိုက်သည်။
"နင်ဒီလိုအေးဆေး နေရမယ့်အချိန်ဘူးထင်တယ်"
ဟောဟဲ မောဟိုက်နေရင်း ဗလုံးဗထွေး ပြောလိုက်တော့ Rosyကတော့ အေးအေးလူလူ ။
" အကုန်အဆင်ပြေနေတာကို အေးဆေးနေတာ ဆန်းကြယ်လို့လား"
"Taehyung သိသွားပြီ"
ဖိုင်တွဲကိုလှန်ရန်ပြင်နေသည့် လက်မှာ ရပ်တန့်သွားသည်။ မိုက်ကယ်အား မကြည့်ပဲ ဖိုင်တွဲကိုပိတ်ချလိုက်သည်။
"ဘယ်လိုကြောင့်လဲ"
"အဲ့တာတော့ ငါလည်း သေချာမသိဘူး။ သူ့ညီမဆီက ဖုန်းလက်ခံရပြီး ချက်ချင်းပဲ ပြေးထွက်သွားတာ......အခု ဘာဆက်လုပ်ကြမလဲ"
ထိုင်နေသောခုံမှ Rosyထလိုက်ပြီး ကုတ်အင်္ကျီကိုကြယ်သီးတပ်လိုက်ကာ ခြေလှမ်းတွေကမိုက်ကယ်ဆီသို့...
"ဖြောင်း"
မိုက်ကယ် မျက်နှာ တစ်ခြမ်းလည်သွားသည်ထိ အသံကကျယ်လောင်လှသည်။ စူးစူးစိုက်စိုက် မျက်လုံးတို့ကို မိုက်ကယ် မမြင်ရပေမယ့်လို့ခံစားမိနေသည်။သူသိခဲ့တဲ့ ကောင်မလေးက Rosy အဖြစ်သို့ပြောင်းလဲသွားပြီ။
"နင့်ကို ဒီအသေးအမွှားလေးခိုင်းတာတောင် အသုံးမကျရင် နင်ကငါ့အတွက် တကယ်အသုံးဝင်တာကောဟုတ်ရဲ့လား....ငါ့အနားမှာနေချင်ပါတယ်ဆိုတဲ့ စကားကိုဘယ်နည်းနဲ့ယုံပေးရမလဲ"
Rosy ပြောနေသော စကားတို့ကို သူမချေပနိုင်ခဲ့ပေ။ တစ်ခါတစ်လေ သူ့ကိုယ်သူတောင်ပြန်မေးနေမိသည်။
"ငါတကယ်ကော အသုံးဝင်ရဲ့လား" ဆိုတာကိုပေါ့ ထပ်ခါထပ်ခါ ပြန်မေးနေမိတယ်။
YOU ARE READING
Marriage Knot {My Husband 2}
RomanceJeon Jungkook × Kim Taehyung TAEKOOK 💙 Cover by Paing [Zawgyi + Unicode ]