⚜TWENTY - ONE⚜

3K 285 36
                                    

အခန်းကျယ်ကျယ် ဧည့်ခန်းမ ထဲတွင် aircon တပ်ထားပေမယ့်လည်း ဟန်ဗြောတစ်ယောက် ချွေးပြန်လို့နေသည်။ သူ့ရှေ့မှ အဘွားဒါဟယ်နာဟာ ဆိုရင်လည်း ကျက်သရေရှိစွာဖြင့် ကော်ဖီခွက်ကို ကိုင်သောက်နေသည်။ ထို့အပြင် သူ့ကိုကြည့်ကာပြုံးနေသော Hoseok လည်းရှိနေသည်။

"သမီး သောက်လေ အားမနာပါနဲ့ သက်သာသလိုနေ"

"အာ...ဟုတ်.. ဟုတ်ကဲ့"

ဒါဟယ်နာပြောမှပဲ ကုပ်ကုပ်လေးထိုင်နေရာကနေ အရှေ့မှကော်ဖီခွက်အား လှမ်းယူသောက်သည်။

ဖူး~~~

"ဟဲ့ဟဲ့ သြော် ကလေးမရယ် ဒီလောက်ပူနေတာကို မမှုတ်ပဲသောက်ရလား"

"တောင်း...တောင်းပန်ပါတယ်"

သောက်ချီး.. အိမ်ထဲခိုးဝင်တာပဲသိလို့ ငါ့ကို တရားစွဲတော့မလား မသိဘူး။ Hoseok အား လှမ်းကြည့်တော့လည်း သူ့ကို ကြိတ်ရီနေပြန်သည်။ အင်း....သေချာတယ် ပြောလိုက်ပြီနေမှာ။ ဒင်းနဲ့တော့ ယုံလိုကိုမရ ဟုဆိုကာ စိတ်ထဲတွင်တော့ လက်သီးလက်မောင်းတန်းကာ Hoseok အား ရိုက်နေပေမယ့် လက်တွေ့မှာ တစ်ရှူးဖြင့်ခုံသုတ်နေရသည်။

"ရတယ် သမီး ထားလိုက် အဒေါ်ကြီး လာလုပ်လိမ့်မယ်။ ချွေးတွေကြည့်ပါဦး ပူနေလို့လား aircon ထပ်ဖွင့်ပေးရမလား"

"ရ..ရပါတယ် မပူတော့ဘူး"

အော်ဟော်.....ပဲထမင်းစားရမယ့် အချိန်က ဖင်ကပ်နေတာကို မစိုးရိမ်ပဲနေရင် လူဘယ်ဟုတ်ပါ့။ ဟန်ဗြောလေး စတီးလက်ကောက် မဝတ်ချင်ပေ။

"Pfff...အန်တီ သားပြောထားတာလေး..."

"အို..ဟုတ်သား"

မနေနိုင်တဲ့အဆုံး Hoseok ရီမိလိုက်သည်။ ကြောက်တတ်လိုက်များ ယုန်ငယ်လေးကျလို့။ ထပ်စချင်ပေမယ့်လည်း လိုရင်းမရောက်မှာဆိုးလို့ ထပ်မစတော့ပေ။

"သမီးလေးကို ပြောစရာရှိတယ် ။ အန်တီတို့ ပိုင်တဲ့ ဟိုတယ် မန်နေဂျာ အကြောင်းရှိလို့ဆိုပြီး မပြောမဆို ထွက်သွားတယ် ။အဲ့တာ နေရာကလွတ်နေတော့ သမီးလေးကို ဝင်လုပ်စေချင်တယ် အချင်းချင်း ဆိုတော့ပိုကောင်းတာပေါ့"

"အယ်... အဲ့တာက သမီးက အဲ့အပိုင်းတွေသိပ်မသိဘူး ။ သမီးက အမှန်တိုင်းပြောရရင် Taewondo ပဲတတ်တာ..... "

Marriage Knot {My Husband 2} Where stories live. Discover now