⚜TWENTY ⚜

3.4K 349 37
                                    

နေ့လည်ခင်းရောက်ပြီဖြစ်ပေမယ့် လိုက်ကာ ကာထားသောကြောင့် အခန်းတွင်း မှောင်မဲလို့နေတယ်။ စောင်ပုံထဲ ခေါင်းကိုဖွက်ထားရင်း လူးလိမ့်နေရင်းဘဲ အတွေးနယ်ချဲ့နေမိတယ်။ ထိုစဉ် ဘန်း ဆိုသော လိုက်ကာဖွင့်သံကြောင့် လူက အလိုလိုနေရင်း ဒေါသထွက်မိပါရဲ့။ စောင်ကိုဖယ်ကာ အော်ငေါက်မည်ကြံလိုက်တော့ ထိုသူဟာ အဘွား ဒါဟယ်နာဖြစ်လို့နေတယ်။

"မြေးလေး နေ့လည်ရောက်နေတာ ထသင့်နေပြီလေ။"

အဘွား ဒါဟယ်နာဟာ လက်ပေါ်က ပုဝါကို ပုခုံးပေါ်တင်လိုက်ရင်း သူ့ကုတင်ဘေးလာထိုင်သည်။

"မြေး အလုပ်မသွားဘူးလား ။စိတ်ညစ်စရာတွေများရှိလို့လား"

ခေါင်းလေးကိုညင်သာစွာပွတ်ရင်း ပြောလာတဲ့ အဘွားကို သူ့ဘက်က အရေးတယူမပြုမိ။

"ကျွန်တော် နေလို့မကောင်းလို့"

နေမကောင်းခြင်းရဲ့အဓိကအကြောင်းအရင်းတော့ဖြင့် Taehyung သူ့ကိုရှောင်နေခြင်းကြောင့်ပင်။ Taehyung သာမက တစ်အိမ်လုံးကပါ သူ့ဖုန်းကိုမကိုင်သောကြောင့် Jungkook မှာ စိတ်အလိုမကျဖြစ်နေသည်။

"မြေးရယ် ဖြစ်ပြီးတာတွေက ဖြစ်ပြီးသွားပြီလေ ဒါပေမယ့် မြေးက Taeလေးမှ လိုချင်တယ်ဆိုလည်း အဘွားက လက်ခံပေးမှာပေါ့ ။ "

"မဟုတ်ဘူး ဘွားဘွားရာ ကျွန်တော်ကို Taeက ရှောင်နေတာ "

"Taeလေးက ကိုယ်ဝန်ပျက်ကျ ခါစအချိန်လေ စိတ်မကောင်းဖြစ်လို့နေမှာပေါ့..... မြေးလေးသာ ဒီလိုနေနေတာ Taeလေးက အလုပ်တောင်လုပ်နေပြီ"

Jungkook ချက်ချင်းကို ငုတ်ထုတ်ထထိုင်လိုက်ကာ အံ့သြတကြီးမေးမိသည်။သူလည်းဘာမှမသိခဲ့ရပါလား။ ဘယ်မှာလဲ ။ ဘယ်သူနဲ့လဲ ဆိုတဲ့ မေးခွန်းရာထောင်ချီက ခေါင်းထဲဝင်လာခဲ့တယ်။

"မြေးမသိဘူးလား အဘွားတို့ ဂျပန်တွဲဖက်အဖွဲ့မှာ မိုက်ကယ်ဂျိမ်းစ် ဆိုတဲ့ကောင်လေးရဲ့အတွင်းရေးမှူးတဲ့....... Taeလေးက နဂိုတည်း အလုပ်လုပ်ခဲ့ဖူးတော့ သေချာနိုင်နင်းမှာပါ.....ဟဲ့ မြေး ဒါဘယ်တုန်း"

အိပ်ယာပေါ်က ကောက်ထကာ အကျီဝတ်ရင်း necktie စည်းနေလေပြီ။

"ကျွန်တော်အလုပ် သွားတော့မယ်..... "

Marriage Knot {My Husband 2} Where stories live. Discover now