Chapter 16 - ငါစစ်သူကြီးကဒီမှာပဲနေချင်တယ်

3.9K 516 37
                                    

ချင်းချန်ခရိုင်မှာတော့အခုတလောမှာကြီးကြီးမားမားကိစ္စတခုဖြစ်ပေါ်နေခဲ့ပါလေ၏ ။ အဲ့ဒါကတော့ ခရိုင်ရုံးတော်ကအကြံပေးဝူတယောက်သူ့ဘ၀ရဲ့လက်တွဲဖော်ရှာတွေ့သွားပုံရသွားလို့ဖြစ်တော့သည် ။

" အိုက်ယား .... ဒီကိစ္စမှာနင်တို့တွေမသိနိုင်တဲ့အကြောင်းတခုခုရှိအုံးမပေါ့အေ ။ အကြံပေးဝူရဲ့ရိုးသားနုံအပုံရတဲ့ မျက်နှာကိုပဲကြည့်ပြီးပြောမနေနဲ့လေ ။ သူ့မှာသာမန်ထက်ထူးခြားတဲ့နည်းတခုခုလဲရှိရင်ရှိနေမပေါ့အေ့ " အားလပ်ချိန်တချို့ရပြီဆိုတာနှင့်အဒေါ်ကြီးလီက ခုံတလုံးကိုဆွဲယူအိမ်အပြင်ထွက်ထိုင်လို့ သူ့အိမ်နီးနားချင်းများနှင့်လေပစ်တော့သည် ။

" ဒါကဘယ်အဓိပ္ပါယ်တုန်းတော့ " အားနျိုရဲ့မိန်းမကအခုမှ အသက်၁၅နှစ်၁၆နှစ်အရွယ်မိန်းမငယ်လေးသာဖြစ်သေး၏ ။ သူကသူ့ယောက်ခမအားပြောင်းဖူးချွေဖို့ကူညီလုပ်ကိုင်ပေးနေရင်း သိချင်လာလို့မနေနိုင်ပဲမေးလိုက်သည် ။

" ဟဲ့ .. အကြံပေးဝူကသဘောကောင်းတဲ့လူတယောက်ဆိုပေမဲ့ သူ့အကြိုက်ကဘယ်လိုလဲဆိုတာနင်သိထားသင့်တယ် " အဒေါ်လီကသူ့လျှာကိုအကြိမ်ရေများစွာတောက်တချက်ချက်ခေါက်လိုက်ပြီးတော့ မျက်နှာကိုမထီမဲ့မြင်ပုံစံလုပ်လိုက်၏ ။

" အကြံပေးဝူကတော်တော်လေးကိုရှင်းရှင်းလင်းလင်းရှိတဲ့သူပါ " အားနျိုရှဲ့ဇနီးကငယ်သေးတာကြောင့် သူမပြောပြီးသည့်အချိန်မှာသူ့ယောက်ခမကသူ့ပေါင်ကိုဖြောင်းခနဲတချက်ရိုက်တာခံလိုက်ရလေသည် ။ " အားးး ... " မကျေနပ်မှုအပြည့်နှင့်သူမမှာမျက်ရည်ကျလုနီးပါဖြစ်သွားတော့သည် ။

" ရှူး ... နင်ဘာသိလို့လဲ ။ ပုံစံကအဲ့လိုဆိုပေမယ့်လို့ အကြံပေးဝူကတခြားတယောက်နဲ့ဘယ်လိုလုပ်ယှဉ်လို့ရမှာလဲ " သူ့ယောက်ခမဖြစ်သူရဲ့သတိပေးသလိုအကြည့်တချက်ကိုရလိုက်ပြီးတော့ အဒေါ်လီကဆက်ပြော၏ ။ " သူကအဲ့လိုနတ်ဘုရားနဲ့တူတဲ့လူကိုဆွဲဆောင်ဖို့ဘယ်လိုတွေကြံစည်လိုက်တယ်ဆိုတာဘယ်သူသိနိုင်မှာလဲ ။ ဟမ့် .. သူကအရှက်မရှိတဲ့နည်းတွေသုံးခဲ့ရင်လဲသုံးခဲ့ပေမပေါ့အေ့ "

မိတ်ဖွဲ့ချင်ရင် ခိုစာပို့ဖို့ သတိရ ( မြန်မာဘာသာပြန် )Where stories live. Discover now