Chapter 7 - ကိုယ်တို့တယောက်ကိုတယောက်ထုတ်ပြကြရအောင်လား

5.8K 575 38
                                    

(NSFW: Handjob, Dirty Talk, Ejaculation)

၀ူရှင်းကျီမှာရာနှုန်းပြည့်လူပျိုစင်လေးဖြစ်လေ၏ ။ တခြားသူတယောက်နှင့်အနမ်းဖလှယ်ဖို့ဝေးလို့ သူ့မှာ သူ့လက်လေးတောင်မှယောင်လို့နမ်းခဲ့ဖူးသည်မဟုတ် ။ ထို့ကြောင့် ဒီအခြေအနေကြီးကသူ့ကိုသတိလစ်မေ့မျော သွားလောက်စေသည်အထိဖြစ်သွားပြီး သာခွေယိုင်သွားလေတော့သည် ။

ကွမ်းရှန်ကျင်းရဲ့အနမ်းတွေဟာ အားအပြည့်နဲ့ဝူရှင်းကျီရဲ့နှုတ်ခမ်းအစုံကိုမြဲမြံစွာဖမ်းစုပ်ထား၏ ။ သူ၏အသက်ရှူထုတ်လိုက်သည့်လေတောင်မှပူပြင်းလွန်းနေတာကြောင့် သူ့အောက်မှာအဖိခံထားရသည့် ၀ူရှင်းကျီမှာတုန်ယီလာတော့သည် ။ သို့ပေမယ့် ထိုနူးညံ့သည့်နှုတ်ခမ်းလေးတွေဟာ တကယ်ကိုပဲချိုမြိန်အရေရွှမ်းနေသည်ဟုခံစားမိသည် ။

သူ့မှာနတ်ပြည်ကိုအလည်ရောက်သွားသည့်အတိုင်း .... ၀ူရှင်းကျီသက်မရှိုက်မိလေသည် ။ သူရှူထုတ်လိုက်သည့်လေတောင်မှပဲအခုဆိုရင် ကွမ်းရှန်ကျင်း၏ယစ်မူးဖွယ်အနံ့အသက်တွေပြည့်နေလေပြီး သူ့မှာ စန္ဒကူးနှင့် လိမ္မော်ပန်းလေးများပွင့်ဖူးနေသည့်ဥယျာဉ်ထဲရောက်သွားသကဲ့သို့ထင်မြင်မိလေ၏ ။

၀ူရှင်းကျီ သူ့နှုတ်ခမ်းနှင့်အာခေါင်တွေကခြောက်သွေ့လာသည်ကြောင့်တံတွေးတောင်မြိုချမိသည် ။ ဒါပေမယ့်လို့ ထိုနူးညံ့ပြီးစိုစွတ်နေသည့်နှုတ်ခမ်းအစုံက သူ့နှုတ်ခမ်းတလျှောက်ပြေးလွှားလို့နေဆဲ ။

သူသတိမထားမိပဲ အမှတ်တမဲ့နှင့်ပါးစပ်ကိုဖွင့်ဟမိလိုက်တော့ သေးငယ်သည့်အရာလေးတခုကနှုတ်ခမ်းသားတလျှောက်ဖြတ်တိုက်လို့ဝင်ရောက်လာလေ၏ ။ ထိုအရာလေးက သူ့ရဲ့သွားနှင့်ခံတွင်းအနှံ့ခြယ်လှယ်လို့နေပြီးနောက်ပြီး သူ့ရဲ့တုန်ယင်နေသည့်လျှာလေးကိုဆွဲဖမ်းလိုက်တော့သည် ။ ထိုအရာလေး ခံတွင်းတလျှောက်ခြယ်လှယ်မှုက သူ့ရဲ့အထိခိုက်မခံနိုင်သည့်အပိုင်းလေးကိုထွေးယူလိုက်သည်ကြောင့် သူ့မှာငြီးငြူမိသွားတော့လေသည် ။

ကွမ်းရှန်ကျင်းက ရမ္မက်များထုံမွှမ်းနေသည့် အသံဖြင့်ခပ်တိုးတိုးရယ်၏ ။

မိတ်ဖွဲ့ချင်ရင် ခိုစာပို့ဖို့ သတိရ ( မြန်မာဘာသာပြန် )Where stories live. Discover now