Chapter 13 - သူတို့ပြန်ဆုံကြပြီ

3.9K 567 61
                                    

နယ်စပ်မှာအမြဲတမ်းလိုလိုနေလေ့ရှိတဲ့ ကွမ်းစစ်သူကြီးဟာ သူလေ့လာပြီးတဲ့နောက်မှာတော့ မြို့ကလူတွေကပျော်စရာလေးတွေကိုဘယ်လိုရှာဖွေကြတယ်ဆိုတာကို နောက်ဆုံးတော့သိသွားပါတော့သည် ။ သေချာတာပေါ့ ... အဲ့တာကတော့ ခိုစာကနေဆင့်ရိုးရိုးမိတ်ဆက်စာပို့ပြီးမိတ်ဆွေဖွဲ့သလိုတော့ ရိုးရိုးရှင်းရှင်းနည်းလမ်းဘယ်ဟုတ်မှာတဲ့လဲ ။ သူ့ရဲ့ပထမဆုံးပြန်စာတောင်မှပဲအလယ်ရိုးပုံဖြစ်ပြီးတော့ နောက်ပိုင်းမကြာခဏတောင်ပို့ဖြစ်ခဲ့သေး၏ ။ အဲ့တာက အိပ်ယာနွေးတဲ့အထိတော့ အတွေ့အကြုံမရှိခဲ့ပေမဲ့လဲ ကွမ်းစစ်သူကြီးအတွက်တော့တကယ်ကိုပဲမျက်စိပွင့်နားပွင့်ဖြစ်ခဲ့ပါလေသည် ။

သူကအဲ့တာကိုမန်ယွဲ့ဆီကတောင်မှအတည်ပြုချက်ယူခဲ့သေးသည် ။ သူတို့ကဘယ်အချိန်ထဲကစပြီးတော့ ထိုအလယ်ရိုးပုံတွေကိုပြန်စာအနေနဲ့ပို့သည့်ဓလေ့စတင်ခဲ့တင်ကိုတော့မသိခဲ့ပေမယ့် မန်ယွဲ့ကသူ့အလယ်ရိုးပုံတွေကို ပို့ပြီးတော့ သူနဲ့အပြန်အလှန်စာပို့နေတဲ့လူတချို့ဆီကိုပို့တာကို သိတော့ ကွမ်းရှန်ကျင်းကြားကြားချင်းခွက်ထိုး ခွက်လန်ရယ်မိသည်။ နောက်တော့ ညစ်ညစ်ညမ်းညမ်းအတွေးလေးတွေနိုးထလာပါတော့သည် ။

သဘာဝကျကျကိုပဲ သူကလူတချို့လွှတ်ပြီးတော့အကြံပေးဝူအကြောင်းကိုစုံစမ်းစေသည် ။ ချင်းချန်ခရိုင်က နေရာငယ်လေးတခုပဲဖြစ်တာကြောင့် သတင်းအချက်အလက်စုဆောင်းရာမှာအလွန်တရာကိုမှလွယ်ကူသည် ။ နည်းနည်းစုံစမ်းပြီးသည်နှင့် အကြံပေးဝူရဲ့နောက်ခံက လုံးဝကိုဖော်ထုတ်ခဲ့ပြီးလေပြီ ။ သူကရိုးသားပြီးရှက်ရွံ့တက်သည့် သက်လတ်ပိုင်းအရွယ်လူတယောက်ဖြစ်၏ ။ သူ့ရဲ့ရိုးရှင်းပြီးပညာတက်ပီသသည့်ပုံစံကြောင့် သူကအလယ်ရိုး ပုံတွေကိုလက်ခံရရှခဲ့ရင်သေချာပေါက်ကိုထိတ်လန့်သွားလောက်သည် ။ ပြောဖို့မလိုအောင်ကိုပင် ကွမ်းရှန်ကျင်းက သူအရမ်းထိတ်လန့်သွားမည်ကိုစိုးရိမ်ခဲ့သော်လည်း သူအဲ့ဒီထက်ပိုစိုးရိမ်သည်က ၀ူရှင်းကျီ ထိုဓလေ့နောက်ကို နောက်သွားမည်ကိုပင်ဖြစ်၏ ။ သူကသေချာပေါက်ကို သူရွေးချယ်ထားသည့် ဒီအရုပ်ကလေး၏ ဖုံးကွယ်အပ်သည့် နေရာလေးကို ဘယ်လူတယောက်မှကြည့်မြင်တာကိုလက်သင့်မခံနိုင်ပါပေ ။

မိတ်ဖွဲ့ချင်ရင် ခိုစာပို့ဖို့ သတိရ ( မြန်မာဘာသာပြန် )Nơi câu chuyện tồn tại. Hãy khám phá bây giờ