ကွမ်းရှန်ကျင်းက ထိုစိတ်အားထက်သန်မှုအပြည့်ရှိနေသည့်မျက်နှာလေးအားကြည့်လိုက်သည် ။ နူးညံ့ပြီးတောက်ပ နေသည့်မျက်လုံးအစုံကသူ့ကိုတော့ကြည့်နေသော်လည်း ထိုသူတကယ်မြင်နေသည်ကတော့တခြား သူဖြစ်နေသည်တဲ့လား ။ ကွမ်းရှန်ကျင်းမှာ ၀ူရှင်းကျီရဲ့ပါးကိုဖျစ်ညစ်ပစ်လိုက်တော့သည် ။
" Ow ... " ရှင်းကျီမှာနာသွားတာကြောင့်အော်လိုက်မိတော့သည် ။ ကွမ်းရှန်ကျင်းကသူ့ရဲ့အားကိုနည်းနည်းတောင် မထိန်းချုပ်ထားခဲ့တာကြောင့် အကြံပေးဝူ၏မျက်နှာလေးမှာ အညိုအမဲစွဲကျန်တော့မလိုပင် ။ သူကစိတ်လဲလုံးဝကို ပြေသလောက်ဖြစ်သွားတာကြောင့် မြန်မြန်လွှတ်ပေးလိုက်သည် ။
အကြံပေးဝူပြောသွားသည့်အထဲက နန်းမြို့တော်ကို တော်ဝင်စာမေးပွဲသွားရောက်ဖြေဆိုသည်ဆိုသည့်အကြောင်းမှာ မကြာသေးမီကဖြစ်သွားသည့်အကြောင်းမဟုတ်တာသေချာသည် ။ စစ်သူကြီးကွမ်းက အကြံပေးဝူ၏ငွေရေးကြေးရေးအခြေအနေကိုလည်းကောင်းစွာသိရှိထားခဲ့သည် ။ သူရည်ညွှန်းခဲ့သည့် အဲ့ဒီငွေဆယ်တုံးဆိုသည့်ပမာဏသူ မည်မျှကြာသည်အထိစုဆောင်းထားခဲ့ရသလဲဆိုတာကို ဘယ်သူသိမည်လဲ ။
အဲ့ဒီ အစ်ကိုစီကျုံးဆိုသည့်သူက သူပြောတာနားထောင်ရသလောက် နန်းမြို့တော်ကိုထွက်သွားပြီးသည့်နောက် တခေါက်မျှတောင်မျှပြန်လာခဲ့ပုံမပေါ် ။ အဲ့ဒီလူက နန်းမြို့တော်ကိုသွားတဲ့လမ်းခရီးမှာပဲသေဆုံးသွားလို့လား ၊ ဒါမှမဟုတ် သူကစာမေးပွဲမှာကျရှုံးသွားခဲ့တာကြောင့်ပြန်လာဖို့ရှက်လို့လား ၊ ဒါမှမဟုတ် နောက်တခုဖြစ်နိုင်ချေရှိသေးတာက သူကစာမေးပွဲမှာထိပ်ဆုံးကနေအောင်မြင်ခဲ့ပြီးတော့ အမြင့်ပိုင်းအိမ်တော်တအိမ်နဲ့လက်ဆက်လိုက်ပြီး ၀ူရှင်းကျီဆိုသည့်သူကိုသူ့ခေါင်းထဲကထုတ်ပစ်လိုက်ခဲ့တာပဲလား ။
သို့ပေမယ်လို့ ဒီနာမည်က ကွမ်းရှန်ကျင်းနဲ့အရမ်းကိုရင်းနှီးနေသလိုပင် ။ ကြည့်ရသည်မှာ ထိုအကိုစီကျုံးဆိုသည့်သည်က နန်းလွှတ်တော်အတွင်းကိုဝင်နိုင်ခဲ့ပြီးတော့ ရာထူးကလဲ အနည်းဆုံးအဆင့်လေးနှင့်အထက်ရထားသည်နှင့်တူသည် ။

CZYTASZ
မိတ်ဖွဲ့ချင်ရင် ခိုစာပို့ဖို့ သတိရ ( မြန်မာဘာသာပြန် )
HumorStory Title မိတ်ဖွဲ့ချင်ရင် ခိုစာပို့ဖို့ သတိရ ( မြန်မာဘာသာပြန် ) မိတ်ဖွဲ့ချင်ရင် ခိုစာပို့ဖို့ သတိရ ( မြန်မာဘာသာပြန် ) Type Web Novel (CN) Genre Comedy , Romance , Yaoi Author Hei Dan Bai English Translators Crd to Vipnovel E transalator Status ...