Chapter 10 - အကြံပေးဝူနှင့်ပုလွေတချောင်း၏တန်ဖိုး (NSFW)

4.8K 576 37
                                    

အိပ်ယာတခုလုံးလဲရှုပ်ပွကုန်ပြီ ။ လေထုထဲမှာသိပ်သည်းတဲ့ယောက်ျားဆန်တဲ့အနံ့တွေကပျံ့လွင့်နေပေမယ့် နောက်ခဏအကြာမှာတော့ တဖြေးဖြေးလွင့်ပျယ်လို့သွားပါ၏ ။

၀ူရှင်းကျီအားပြတ်သွားပြီးအိပ်ယာပေါ်အပုံသားလေးလဲလို့သွားလေသည် ။ သူ့မှာနဂိုအသိစိတ်ကပ်အောင်တောင်မနည်းကြိုးစားနေရ၏ ။ ကွမ်းရှန်ကျင်းကတော့နည်းနည်းမှအလျင်လိုမနေပဲနဲ့ ပေကျံသွားတဲ့သူ့ညအိပ်ဝတ်ရုံကိုလဲလှယ်သည် ။ ပြီးနောက် ၀ူရှင်းကျီတကိုယ်လုံးထိုဝတ်ရုံနှင့်သုတ်သင်ပေးပြီးတော့ အိပ်ယာအောက်ဖက်ကိုပစ်ချလိုက်လေသည် ။

ကုတင်ကနည်းနည်းတော့သက်တောင့်သက်သာမရှိပြီးတော့ အေးလဲအေးပြီး မာလဲမာသည် ။ ထို့ကြောင့် ၀ူရှင်းကျီသူ့ကိုယ်လုံးကို အိပ်ယာဖုံးကိုဆွဲယူပြီးဖုံးလွှမ်းလိုက်ပြီးမှ သူစိတ်ရှုပ်ထွေးစွာဖြင့် သူ့ရှေ့ကအလှလေးကိုငေးကြည့်နေမိပါ၏ ။

" နိုးလာပြီလား " ကွမ်းရှန်ကျင်း ... ၀ူရှင်းကျီရဲ့နူးညံ့သည့်ပါးလေးကိုညင်သာစွာပုတ်လိုက်၏ ။ သူ့ကိုငေးကြည့်ရင်းခေါင်းခါပြသည်ကိုမြင်တော့ ထိုသူကိုသူ့လက်မောင်းတွေကြားထဲဆွဲသွင်းလိုက်ပြီး ထိုသူခြုံထားသည့်အိပ်ယာဖုံးအစား ဂွမ်းစောင်နုထွေးထွေးကိုလွှမ်းခြုံပေးလိုက်သည် ။

" လူ .. လူကြီးမင်း .. " ကွမ်းရှန်ကျင်းရဲ့ကိုယ်သင်းနံ့ကိုရူရှိုက်မိတော့မှဝူရှင်းကျီဦးနှောက်လေးစတင်ပြီး အလုပ်လုပ်လာပါ၏ ။ သူ့မှာရှက်နေမိတော့တာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့သည့်အထိ ။ သူထိုကဲ့သို့ လူတယောက်ပုလွေတချောင်းမှုတ်နေသည့် ရုပ်ပုံများကိုမြင်ဖူးခဲ့ပါသော်လည်း သူနည်းနည်းတောင်မထင်မိခဲ့တာက ခုလိုပုလွေအမှုတ်ခံလိုက်ရတာနဲ့သူ့အသိစိတ်တွေလွတ်ထွက်သွားရမယ်ဆိုတာပါပဲ ။

" ဟွန် .. " ကွမ်းရှန်ကျင်းက ၀ူရှင်းကျီကျောကိုခပ်ဖွဖွပုတ်နေတာကြောင့် သူ့ရဲ့ပိန်ပါးလှတဲ့ကျောလေးကအရိုးတွေကို တောင်စမ်းမိနေခဲ့လေသည် ။ သူ့ကျောရိုးတလျှောက်ကိုလက်ချောင်းတို့ဖြင့် တို့ထိလာခဲ့ရင်း လုံးဝန်းသည့် တင်ပါးလေးဆီရောက်တော့ ကျေနပ်စွာပွတ်လိုက်ပါ၏ ။

မိတ်ဖွဲ့ချင်ရင် ခိုစာပို့ဖို့ သတိရ ( မြန်မာဘာသာပြန် )حيث تعيش القصص. اكتشف الآن