Chapter 27 - မူယာမာယာလုကနောက်ဆုံးတော့ထွက်လာပြီ

3.1K 491 190
                                    

၀ူရှင်းကျီနောက်ကျမှနိုးလာသည် ။ သူနိုးလာသည့်အချိန်မှာနာရီကမနက်၉နာရီတောင်ထိုးပြီးလေပြီ ။ တယောက်ယောက် ပေါ့ဟယ် ဒါမှမဟုတ် ကွေ့ဟွားဖြစ်ပုံရသည် ။ သူ့အခန်းတံခါးကိုခေါက်နေပြီးသူ့ကိုခေါ်နေလေ၏ ။

" သခင် ၊ သခင် ၊ နိုးနေပြီလားရှင် " သူ့မျက်လုံးတွေကိုမနည်းကြိုးစားဖွင့်လိုက်ရတာ အချိန်တချို့ကြာမှ ရှင်းရှင်းလင်းလင်းမြင်နိုင်တော့သည် ။ မိန်းကလေးတွေရဲ့စိုးရိမ်တကြီးဖြင့် သူတို့တံခါးကိုဖျက်ပြီး ၀င်သင့်မ၀င်သင့် တိုင်ပင်နေသည့်အသံကိုလဲကြားလေပြီဖြစ်တာကြောင့် သူ့မှာထိတ်ထိတ်ပြာပြာဖြင့်ပြန်ဖြေရတော့သည် ။ " နိုးပြီ .. နိုးပြီ "

" သခင်နိုးပြီတဲ့ " ဒီအသံပိုင်ရှင်ကကွေ့ဟွားအသံနှင့်တူသည် ။ သူမလေးက အခုမှသာစိတ်ချလက်ချဖြစ်သွားသလို အသက်ရှူသွင်းလိုက်ရှာသည် ။ " သခင် ၊ စစ်သူကြီးချုပ်က သခင့်ကိုဖိတ်ဖို့လူအချို့လွှတ်လိုက်ပါတယ်ရှင့် "

" စစ်သူကြီးချုပ်? " ၀ူရှင်းကျီ၏ဦးနှောက်မှာကောင်းကောင်းမနိုးသေးပါပေ ။ သူကသူ့အပြင်ဝတ်ကိုဆွဲယူဝတ်လိုက်ပြီး ယိုင်တိုင်တိုင်ဖြင့်အခန်းတံခါးကိုဖွင့်လိုက်သည် ။ ဖြစ်နိုင်တာက သူအိပ်သည့်အချိန်အရမ်းကြာသွားလို့ထင်သည် ။ သူ့အရိုးတွေတောင်မှနည်းနည်းနာနေလေ၏ ။

" ဟုတ်ကဲ့ ။ စစ်သူကြီးကသခင့်ကိုဖိတ်ခိုင်းလိုက်တာပါ "

ပေါ့ဟယ်က၀ူရှင်းကျီအိပ်ချင်မူးတူးနှင့်ငေးငိုင်နေတာကိုမြင်နိုင်သည် ။ သူကသူတို့ကို မျက်လုံးဗလာဖြင့်ကြောင်ကြည့်နေ ဆဲဖြစ်တာကြောင့် သူမမှာမရယ်ပဲမနေနိုင်တော့လို့ရယ်လိုက်ရင်း ခေါင်းခါလိုက်တော့သည် ။

" သခင်ရှင့် မြန်မြန်လေးသွားပြီးဆေးကြောပါတော့လို့ ။ ဒီနေ့ သခင်ကစစ်သူကြီးကို အပြည့်အ၀ဖမ်းဆုပ်ထားရလိမ့်မယ် "

" စစ်သူကြီးကိုအပြည့်အ၀ဖမ်းဆုပ်ရမယ် ? " မဟုတ်တာ ၊ သူအဲ့လိုမလုပ်နိုင်ပါဘူး ။ သူကအိမ်ကိုပြန်ပြီး သူ့ဘိုးဘေးတွေကိုလေးစားကြောင်းပြသကန်တော့ဖို့အတွက် အိမ်ကိုပြန်ရအုံးမှာ ...

မိတ်ဖွဲ့ချင်ရင် ခိုစာပို့ဖို့ သတိရ ( မြန်မာဘာသာပြန် )Nơi câu chuyện tồn tại. Hãy khám phá bây giờ