Chapter 11 - ကြီးမြတ်သောတောင်ပိုင်းနယ်ခြားစောင့်တပ်၏တော်ဝင်စစ်သူကြီး

3.9K 548 9
                                    

ကြီးမြတ်သော ရှတော်ဝင်နိုင်ငံတော်၏ အတော်ဆုံးနှင့်တိုက်ခိုက်ရေးအကျွမ်းကျင်ဆုံးစစ်သည်တော်များပါဝင်သည့် တပ်များသည် ပေါင်းလိန်ခံတပ်တွင်တည်ရှိလေသည် ။ သူတို့၏တည်ရှိမှုတခုထဲကပင်အလွန်ကိုကြီးမားသည့် အထောက်အပံ့ဖြစ် နေပြီဖြစ်လေသည် ။ အဘယ်ကြောင့်ဆိုသော် ထိုဒေသတွင်ရှိသည့်မြို့စောင့်တပ်သုံးတပ်လုံး ပေါင်းလိုက်ပြီးတပ်မကြီးအဖြစ်စုစည်းလိုက်လျှင်တောင် အခြားဒေသမှလာရောက်ကျူးကျော်မည့်သူများ ကိုအနည်းငယ်သာခြိမ်းခြောက်မှုသာပြုနိုင်တာကြောင့်ဖြစ်၏ ။

တကယ်လို့ ကာကွယ်ရေးစစ်ဦးစီးချုပ်က ၀န်ကြီးအဖြစ်ပဲနေတော့မည်ဆိုလျှင် နယ်စပ်ဒေသတွင်သူခိုး၊ဓမြများက ရဲရဲတင်းတင်းမင်းမူလို့လာနိုင်တာဖြစ်တာကြောင့် တိုင်းပြည်ကိုကောင်းမွန်စွာအုပ်ချုပ်နိုင်ခြင်းမရှိမည်ကို အင်ပါယာမင်းမြတ်ကစိုးရိမ်လေသည် ။

အချက်ကျကျပြောပါက ကွမ်းရှန်ကျင်းကို တောင်ပိုင်းရှင်းကျန်းနယ်ခြားစောင့်ခံတပ်ဆီသို့မပို့မီက တောင်ပိုင်းမှလူရိုင်းတပ်များကနှစ်စဉ်နှစ်တိုင်းကျူးကျော်ဝင်ရောက်ပြီးလုယက်ဖျက်ဆီးလေ့ရှိခဲ့သည် ။ သို့သော်လည်း အခု၅နှစ်ဆိုသည့်တိုတောင်းသည့်နှစ်ပိုင်းအတွင်းမှာတော့ တောင်ပိုင်းလူရိုင်းများက သူတို့ရှုံးနိမ့်ခြင်းကိုလက်ခံပြီး နာခံမှုရှိစွာဖြင့် အခွန်တော်ဆက်သခြင်းပြုခဲ့ပေ၏ ။ တောင်ပိုင်းလူရိုင်းခေါင်းဆောင်၏ခေါင်းမာသည့်အကျင့်စရိုက်နှင့် ယခုလိုလွယ်လွယ်တော့ခေါင်းငုံ့မှာမဟုတ်ဘူးဆိုတာအင်ပါယာမင်းကြီးကသိပေသည် ။

ဒီ တော်ဝင်မင်းနေပြည်တော်ရှိလူတိုင်း ကွမ်းရှန်ကျင်းကို မနာလိုဖြစ်ပြီးမမုန်းတီးသည့် သူဟူ၍မရှိပေ ။ ဒါပေမယ့် အဲ့လိုဆိုတော့ရော .. ? သူကအမြဲတမ်းမင်းနေပြည်တော်နဲ့ မိုင်ထောင်ချီဝေးတဲ့ပေါင်းလိန်ခံတပ်မြို့မှာပဲနေခဲ့ပြီး သူ့ရဲ့လက်အောက်မှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင်တိုက်ခိုက်မှုအရမ်းကောင်းသည့် စစ်သည်တော်တွေရှိနေပေမယ့်လည်း သူကတခါတောင်မှမြို့တော်သို့မပြန်ခဲ့ ။ သူ့ရဲ့နာမည်ကိုပြောလိုက်သည်နှင့် ညနက်နက်ကြီးမှာငိုနေသည့် ကလေးကိုတောင်အငိုတိက်စေပြီး ဘယ်လောက်ထိအရက်သေစာ သောက်စားပြီးမူးနေသည့်သူဖြစ်ပါစေ သူ့နာမည်ကိုကျယ်ကျယ်လောင်လောင်ဖြင့်ပြောရဲသူတယောက်တောင်မရှိပေ ။

မိတ်ဖွဲ့ချင်ရင် ခိုစာပို့ဖို့ သတိရ ( မြန်မာဘာသာပြန် )Where stories live. Discover now