Chapter 45 - ဖုံးကွယ်နေသောရတနာ/ ဖုံးကြယ္ေနေသာရတနာ

2.4K 258 49
                                    

ယွဲ့သခင်မငယ်လေးက စစ်သူကြီးချုပ်ကိုတွေ့ချင်နေမှတော့ မန်ယွဲ့က သဘာ၀ကျကျကိုပဲ တားဖို့ရာ အကြောင်းပြချက်မရှိပါချေ ။

ဟေးအာကိုလှည့်ကြည့်လိုက်ပြီး ရွှမ်းဟယ်ခြံဝန်းမှာရှိနေသည့် ကွမ်းစစ်သူကြီးကို ဒီကိုခေါ်လိုက်ရန်ပြောလိုက်သည် ။ သူကဟေးအာကို ခြံဝန်းထဲထိဝင်ရန်မလိုပဲ ခြံအပြင်ကနေသာ လှမ်းခေါ်ဖို့ရန် သတိတရလဲမှာလိုက်သေးသည် ။

ဟေးအာက ဘာကြောင့်ဆိုတာကို သူနားမလည်ပေမဲ့ သူက မန်ယွဲ့စကားကိုနားထောင်နေကျဖြစ်တာကြောင့် အထဲကိုခြေတလှမ်းတောင် လှမ်းဝင်မည်မဟုတ်ပါပေ ။

"ယွဲ့အိမ်ကတတိယကလေးကငါ့ကိုတွေ့ချင်တယ်? " ကွမ်းရှန်ကျင်း ခြံဝန်းထဲကထွက်လာခဲ့လိုက်သည်။ သူ့မျက်နှာကမဲမှောင်နေတာက အချိန်မရွေးမုန်တိုင်းဝင်လာတော့မည့်ပုံပင် ။

"ဟုတ်ကဲ့ " အနီးကပ်ကိုယ်ရံတော်တယောက်အနေဖြင့် သူကသဘာဝကျကျပင် သူ့သခင်၏မျက်နှာအမူအရာကိုနားလည်တာကြောင့် သူ့ကံအကြောင်းမလှတာကိုတွေးမိပြီး ရင်ထဲမှသာတိတ်တိတ်လေးအော်ဟစ်နိုင်လေ၏ ။

ကွမ်းရှန်ကျင်း၏ "ကိစ္စများ" ကို နှောင့်ယှက်မိခြင်းက ဘာမှဖြစ်နိုင်မှာမဟုတ်ပေမယ့်လည်း သူ့အဝတ်များဖြင့် ဖုံးထားရမည့် အကြံပေးဝူ၏ အရေပြားတစ်လက်မကို မတော်တဆ မြင်လိုက်ရလျှင်မူပြင်းထန်စွာ အပြစ်ပေးခံရမည်မှာ သေချာပေသည်။

အရင်တုန်းက အဖြစ်အပျက်မှာ ကွမ်းရှန်ကျင်း သူ့ကို ဘယ်လိုဆက်ဆံခဲ့သည်ကို တွေးမိတော့ သူ့မှာ မတုန်လှုပ်ပဲမနေနိုင်တော့ပါပေ ။

" ဆရာလုကဘယ်မှာလဲ " ကွမ်းရှန်ကျင်းက သူ့အဝတ်ကဖုန်တွေကိုခါထုတ်ဖို့ရမ်းလိုက်သည် ။ ဒီမာနကြီးပြီးမောက်မာတဲ့ မိန်းကလေးရည်ရွယ်ချက်က သူ့ကိုတွေ့ဖို့ဆိုတာ ဖြစ်နိုင်စရာမရှိပါချေ ။

" သူကအရှေ့ခန်းမထဲမှာပါ "

ကွမ်းရှန်ကျင်း နှာမှုတ်လိုက်သည် ။ ကြည့်ရတာ ဒီယွဲ့မိန်းကလေးက သူ့ကို ဆရာလုရဲ့လက်ကဒဏ်ရာအကြောင်းကို ရှင်းပြစေချင်တဲ့ပုံပဲ ။ သူ့စိတ်ထဲစိတ်ပျက်လက်ပျက်ဖြစ်မှုကိုမငြင်းနိုင်ပေ ။ သူနောက်မှာကျန်ခဲ့တဲ့ ရွှမ်းဟယ်ခြံဝန်းကိုလှည့်ကြည့်လိုက်သည် ။ သစ်ပင်ရိပ်အောက်မှာ ထင်ကျန်နေသည့်အရိပ်ကလေးကိုကြည့်လိုက်မိတော့ သူ့အမူအရာမှာ အနည်းငယ် ပြန်ပြီး ကြည်လင်သွားလေသည် ။

Has llegado al final de las partes publicadas.

⏰ Última actualización: Nov 23, 2023 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

မိတ်ဖွဲ့ချင်ရင် ခိုစာပို့ဖို့ သတိရ ( မြန်မာဘာသာပြန် )Donde viven las historias. Descúbrelo ahora