Chapter 12 - ကြီးမြတ်သောတောင်ပိုင်းနယ်ခြားစောင့်တပ်၏တော်ဝင်စစ်သူကြီး - ၂

3.4K 547 27
                                    

ပေါင့်လိန်ခံတပ်မြို့မှာ အာ့ချန်မြို့ဆီသို့ အလျင်မြန်ဆုံးမြင်းဖြင့်တောင် ၁၅ရက်ခန့်အချိန်ယူရလေ၏ ။ သို့သော် ကွမ်းရှန်ကျင်းကတော့ အချိန်၉ရက်ထဲဖြင့်ရောက်ရှိခဲ့သည် ။

မနားတမ်းခရီးနှင်လာခဲ့တာကြောင့် အာ့ချန်မြို့ကိုရောက်သည့်အခါ မြို့ပေါ်မှာရှိသည့်အကြီးဆုံးတည်းခိုခန်းသို့ တန်းသွားလိုက်ပြီး အကောင်းဆုံးအခန်း၃ခန်းကိုငှားယူလိုက်လေသည် ။ ထို့နောက် ခရီးတလျှောက် ပေကျံခဲ့သည်များကိုဆေးကြောသန့်စင်ပြီး ဗိုက်ပြည့်အောင်အစားအသောက်များကိုစားသောက်ပြီးသည်နှင့် ကွမ်းရှန်ကျင်းက ဖန်းအဖွဲ့အစည်းတည်ရှိရာနေရာသို့တိုက်ရိုက်သွားချင်ခဲ့သော်လည်း သူနှင့်အတူပါလာသည့် ကိုယ်ရံတော်များကမသွားသေးပါရန်ဖျောင်းဖျပြောလာခဲ့သည် ။ သူတို့ကလက်ထောက်စစ်သူကြီးချုပ် အမိန့်အရထိုစကားများကိုပြောရသည်ဖြစ်ကြောင်းနှင့် စစ်သူကြီးချုပ်ခရီးပန်းလာသည်ကိုအနားယူအားဖြည့်ပြီးမှ ဖန်းအဖွဲ့အစည်းတည်ရှိရာကိုသွား၍ပြဿနာများကိုရှာပါဟုစစ်သူကြီးမန်ယွဲ့ကမှာခဲ့ကြောင်းပြောလာ၏ ။

သူ့ရဲ့လက်ထောက်စစ်သူကြီးနှင့်ကိုယ်ရံတော်များကသူ့အတွက်စဉ်းစားပြီးပြောသည်ကိုသိတာကြောင့် ကွမ်းရှန်ကျင်းကသူတို့ကိုထပ်ပြီးဒုက္ခရောက်အောင်မလုပ်တော့ပဲ အခန်းကိုပဲပြန်၍အနားယူလိုက်သည် ။ သူ့လက်အောက်ကသူ့ကိုယ်ရံတော်၎ယောက်မှာတော့ သူညလယ်ခေါင်ကြီးထထွက်သွားမှာကိုအစိုးရိမ်လွန်ပြီး တညလုံးအနားမယူနိုင်ပဲရှိနေခဲ့သည်ကိုတော့သူလုံးလုံးကိုမသိခဲ့ပေ ။ နောက်တနေ့မနက်မှာတော့ သူတို့၎ယောက်လုံး၏မျက်လုံးအောက်မှာညိုမဲနေသည်ကိုမြင်နိုင်လေ၏ ။

အာ့ချန်မြို့ကပေါင့်လိန်မြို့နှင့်မတူပဲ အသက်ဝင်လှုပ်ရှားသည့်မြို့တမြို့ဖြစ်လေသည် ။ ဒီမြို့က လွန်ခဲ့သည့်၅နှစ်ကစစ်ဘေးဒဏ်ကိုမခံစားခဲ့ရပေ ။ ပေါင့်လိန်မြို့မှာတော့ လွန်ခဲ့သည့်၅နှစ်က ကျူးကျော်ခံခဲ့ရပြီးသည့်နောက်ပျက်ဆီးဆုံးရှုံးမှုများပြားခဲ့ပြီး အချိန်တိုအတွင်းပြန်လည်ထူထောင်နိုင်ခဲ့ပေမယ့် အာ့ချန်မြို့ကဲ့သို့ ငြိမ်းချမ်းပြီးသာယာဝပြောမှုနှင့်တော့အလှမ်းဝေးသေးလေ၏ ။ မြို့သူမြို့သားများတောင်မှ ပေါင့်လိန်မြို့မှာရှိသည့်အရပ်သားများကဲ့သို့ လူသတ်ငွေ့အနည်းငယ်လွှမ်းမိုးခြင်းများမရှိပါပေ ။ ဒီအာ့ချန်မြို့မှာနေထိုင်သည့်သူများမှာ ငုံးကလေးတွေလိုနူးညံ့ညင်သာကြပြီး တုံးလဲတုံးအကြပေသည် ။

မိတ်ဖွဲ့ချင်ရင် ခိုစာပို့ဖို့ သတိရ ( မြန်မာဘာသာပြန် )Место, где живут истории. Откройте их для себя