မြို့တောင်ဖက်ပိုင်းကိုနယ်မြေ၂ခုခွဲထားလေသည် ။ အထက်ပိုင်းနယ်မြေမှာတော့ပြည့်တန်ဆာအိမ်များနှင့် လောင်းကစားဝိုင်းများရှိရာနေရာဖြစ်ပြီးတော့ အောက်ဖက်ပိုင်းကတော့ စားသောက်ဆိုင်များ ၊ လဖက်ရည်ကြမ်းဆိုင်များ နှင့် ပြဇာတ်ရုံများရှိသည် ။
ဒီအချိန်မှာတော့ အောက်ဖက်ပိုင်းနယ်မြေမှာရှိသည့်ဈေးဆိုင်များအားလုံးမှာပိတ်နေပြီဖြစ်သည် ။ ထို့ကြောင့် လမ်းမကြီးကတိတ်ဆိတ်လို့နေပြီးအေးစက်နေပြီး သူနှင့်ဆန့်ကျင်ဖက်ဖြစ်သည့်အထက်ပိုင်းနယ်မြေမှာတော့ ဒီအချိန်မှာအလွန်ကိုစည်ကားသိုက်မြိုက်နေ၏ ။
ထိုနေရာတ၀ိုက်မှာလူအများလှုပ်ရှားသွားလာနေကြသည့်အတွက် ခေါက်ဆွဲဆိုင်များ ၊ ဆန်ပြုတ်ဆိုင်များက ၀ယ်သူတွေအတွက်ဖွင့်လှစ်ပေးထားသည် ။ လမ်းကိုဖြတ်လိုက်ရင်တော့ အမွေးနံ့တွေမွှန်ထူအောင်သင်းပျံ့နေသည့် အပျော်အိမ်များဆီက တေးဂီတသံများကဈေးဆိုင်ငယ်လေးတွေအထိပျံ့နှံ့လာလေသည် ။ ချောမောသည့် ယောက်ျားပျိုလေးများနှင့်လှပသည့်မိန်းမငယ်လေးများက ပြုံးလို့ရယ်လို့ ကလူ၏သို့မြူ၏သို့ပုံစံဖြင့်သူတို့ အပျော်အိမ်တံခါးဝမှာစောင့်နေကြကာလာသည့်သူများကိုကြိုဆိုနေကြသည် ။ ညရဲ့လေပြေညင်း သွဲ့သွဲ့တိုက်ခတ်နေသည့်အောက်မှာ မျက်နှာချေမှုန့်နံ့များကပျံ့နှံ့လို့နေပြီး ထို့အတူပဲ ရယ်မောသံများနှင့် မိန်းမပျိုများ၏အားပေးသံများလွင့်ပျံနေသည် ။
ကွမ်းရှန်ကျင်းကတော့ဝူရှင်းကျီရဲ့ခါးကိုသူ့လက်မောင်းဖြင့်ဖက်ထားပြီးတော့ပေါ့ပေါ့ပါးပါးလျှောက်ကြည့်နေလေသည် ။ သူကရိုးရှင်းသည့်သာမန်ဆန်သည့်ပုံစံရှိသောဝတ်စုံကိုဝတ်ထားပေမယ့်လည်း ၀တ်ရုံ၏ပိတ်စမှာကြည့်လိုက်သည်နှင့် အဖိုး တန်သောချည်ဖြင့်ရက်လုပ်ထားသည်ဆိုတာမြင်နိုင်တာကြောင့် လူတိုင်းရဲ့အမြင်အာရုံမှာအာရုံစိုက်စရာဖြစ်နေခဲ့သည် ။
ထိုကဲ့သို့သူ့ကိုကြည့်ရှူနေကြပါသော်လည်း တဦးတယောက်သောဘယ်မိန်းမပျိုမှ သူ့အနားကိုချဉ်းကပ်ပြီး လာရောက်ခေါ်ဖို့ကိုတော့တွန့်ဆုတ်နေပြီးသူ့ကိုရှောင်ဖယ်လို့နေလေ၏ ။

YOU ARE READING
မိတ်ဖွဲ့ချင်ရင် ခိုစာပို့ဖို့ သတိရ ( မြန်မာဘာသာပြန် )
הומורStory Title မိတ်ဖွဲ့ချင်ရင် ခိုစာပို့ဖို့ သတိရ ( မြန်မာဘာသာပြန် ) မိတ်ဖွဲ့ချင်ရင် ခိုစာပို့ဖို့ သတိရ ( မြန်မာဘာသာပြန် ) Type Web Novel (CN) Genre Comedy , Romance , Yaoi Author Hei Dan Bai English Translators Crd to Vipnovel E transalator Status ...