Chapter 35 - လန်လင်းမင်းသားရဲ့ဖွားဖက်တော်ပေါင်းများစွာ ..

3.4K 492 99
                                    

ရွာထဲကအမျိုးသမီးကြီးများ၏တိုက်ပွဲငယ်လေးက ခရိုင်အတွင်းမှာ လှိုင်းလုံးများမဖြစ်ပေါ်စေနိုင်ပါ ။ ထို့အပြင် ၀ူရှင်းကျီနှင့်ကွမ်းရှန်ကျင်းတို့နှစ်ယောက်အကြား လူမြင်ကွင်းမှာချစ်ခင်ကြည်စယ်နေမှုက လူအများကြီးအား သက်သေပြပြီးသားဖြစ်သွားပြီး ထိုသတင်းအသစ်က ခရိုင်အတွင်းမှာ လျင်မြန်စွာပဲပျံ့နှံ့သွားခဲ့သည် ။ ဒေါ်ကြီးလီနှင့်သူမ၏ အဖွဲ့ကတော့ ၀ူရှင်းကျီကို မိစ္ဆာအတက်သုံးထားသည်ဟုပြောနေကြဆဲပင် ။

သို့ပါသော်လည်း ၀ူရှင်းကျီက ထိုကောလဟာလတွေကို ဘယ်တုန်းကမှ စိတ်အနှောက်ယှက်အဖြစ်ခံခဲ့သည်မဟုတ်ချေ ။ ဒါ့အပြင် ဒေါ်ဒေါ်လျှိုကသူ့ကိုယ်စားတုန့်ပြန်ပြီးကထဲက သူကသဘာဝကျကျကိုပဲ ဒီအကြောင်းတွေကိုဘေးဖယ်ထား လိုက်ချေသည် ။

အခု အရေးကြီးဆုံးအရာကဘာလဲဆိုတော့ ဖက်ထုပ်လုပ်ခြင်းသာဖြစ်သည် ။ ယခင်တုန်းကတော့ သူကတယောက်ထဲ သာရှိသည် ။ ထို့ကြောင့် အလုပ်များပြီးဒုက္ခရောက်မှာစိုးရိမ်တာရော သူတယောက်ထဲ အားလုံးကုန်အောင်မစားနိုင်မှာရော စိုးရိမ်ခဲ့သည် ။ ဒါကြောင့် ၀ူရှင်းကျီက မကြာခဏပင် နှမ်းအချိုဌာပနာသည့်ထန်းယွမ်မုန့်လုံးကိုသာပြင်ဆင်ခဲ့သည် ။ အခုတော့ ဒီနှစ်မှာ ကွမ်းရှန်ကျင်းလဲသူ့အနားမှာရှိနေတာကြောင့် ၀ူရှင်းကျီက ရုတ်တရက် နှမ်းအချိုဌာပနာထည့် ထားသည့် ထန်းယွမ်မုန့်လုံးတခုထဲသာ ပြင်ဆင်ချင်စိတ်မရှိတော့ပေ ။

အသားက အကောင်းဆုံးအရည်အသွေးရှိသည့် ၀က်ဗိုက်သားဖြစ်ကာ အဆီအသားကသင့်တင့်မျှတသည် ။ အသားအနေအထားက ချောမွတ်ပြီးနူးညံ့သည် ။ ထိုအသားကိုပထမဆုံး ယမကာဖြင့်နယ်ကာ အညှီနံ့ပျောက်ပြီးမွှေးပျံ့လာအောင် ဂျင်းကိုအလွှာလိုက်ခပ်ပါးပါးဖြတ်ထည့်သည် ။ ပြီးနောက် အစာသွပ်ရန်အတွက် နုတ်နုတ်စင်းထားသည့် တရုတ်နံနံ ၊ ကြက်သွန်နီကြော်နှင့် ဟင်းခတ်အမွှေးအကြိုင်အားလုံးကိုရောနယ်သည် ။

ကွမ်းရှန်ကျင်း၏လုပ်ဆောင်ချက်တွေကကျွမ်းကျင်မှုရှိပြီး လက်ချောင်းတွေကစည်းချက်ကျနသည် ။ တခုပြီးတခု ၀ိုင်းဝိုင်းပြည့်ပြည့်အသားဖက်ထုပ်ပုံစံဖြစ်လာကာ ကြည့်ရုံနှင့်ပင် တစုံတယောက်ကို သွားရေတောက်တောက်ကျစေ နိုင်သည် ။

မိတ်ဖွဲ့ချင်ရင် ခိုစာပို့ဖို့ သတိရ ( မြန်မာဘာသာပြန် )Where stories live. Discover now