Chapter 31 - ကောလဟာလများ

2.9K 472 113
                                    

သူတို့ချင်းချန်ခရိုင်ကိုရောက်သည့်အခါနှစ်သစ်ကူးဖို့နှစ်ရက်သာလိုပြီး ခရီးလဲပန်းနေခဲ့လေပြီ ။ အကြံပေးဝူက မြင်းစီးရာမှာ အမှန်တကယ်ကိုပဲကျွမ်းကျင်ခြင်းမရှိဘူးဖြစ်၏ ။ ထို့အပြင် ကွမ်းရှန်ကျင်းကလည်း ၀ူရှင်းကျီကိုခရီးအရမ်းပန်းမှာ စိုးရိမ်သည် ။ ထို့အကြောင်းကြောင့် သူတို့က အရမ်းမြန်မြန်သွားခဲ့ခြင်းမရှိချေ ။

အိမ်မှ တလကျော်ကြာအောင် ဝေးကွာနေခဲ့တာကြောင့် ၀ူရှင်းကျီမှာ သူ့အိမ်တံခါးကိုတွန်းဖွင့်လိုက်သည့်အခါမှာ စိတ်သက်သာရာရသွားလေသည် ။ စားပွဲတွေနှင့်ထိုင်ခုံတွေပေါ်မှာတော့ အလွှာပါးပါးဖုန်များဖြင့် ဖုံးလွှမ်းနေသည် ။ ကံကောင်းစွာဖြင့် အိမ်က ဆောင်းရာသီမတိုင်ခင်တုန်းက ခိုင်ခန့်အောင်ပြန်လည်ပြင်ဆင်ထားမိခဲ့သည် ။ ထို့ကြောင့် ဆောင်းတွင်းမှာ ဆောင်းမိုးဘယ်လောက်တောင်သည်းထန်စွာရွာနေပါစေ အိမ်ခေါင်မိုးကနေမိုးယိုစိမ့်ခြင်းမရှိပေ ။

အချိန်အကြာကြီး မြင်းစီးခဲ့ရတာကြောင့် အားနည်းနေသည့်ခြေထောက်ကို ဂရုမစိုက်နိုင်ပဲ ၀ူရှင်းကျီမှာ သူ့အကျီလက်ကို လိပ်တင်၍ အိမ်ကိုစတင်ပြီးသန့်ရှင်းရေးလုပ်တော့သည် ။

မြင်းကိုအစာကျွေးပြီးနောက် ခရိုင်ရုံးတော်ရှိမြင်းဇောင်းမှာ မြင်းကိုချည်ထားပြီးနောက် ကွမ်းရှန်ကျင်းက ၀ူရှင်းကျီအိမ်သို့ရောက်ရှိလာချိန်မှာ ထိုသူက ရေဇလုံထဲရေဖြည့်ပြီး ပရိဘောဂတွေအားလုံးကို အ၀တ်ရေစိုဖြင့် ပွတ်သုတ်နေသည် ။

သဘာဝကျကျပင် ကွမ်းရှန်ကျင်းမှာ ၀ူရှင်းကျီကို ဆောင်းနေ့အေးအေးကြီးထဲ တကိုယ်လုံးချွေးတွေစိုနေတာကို မကြည့်နိုင်ချေ ။ လေအေးတွေအတိုက်ခံရလို့ အအေးမိသွားခဲ့လျှင်သူဘယ်လိုလုပ်ရမလဲ ။ ကွမ်းရှန်ကျင်းက ရှေ့ကိုလျှောက်သွားလိုက်ပြီး ၀ူရှင်းကျီလုပ်နေတာကို လက်လွှဲယူလိုက်သည် ။ ပြီးနောက် ဘေးနားမှာ တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေနိုင်မှာမဟုတ်သည့် ၀ူရှင်းကျီကို အစားအသောက်ချက်ပြုတ်ရန် လိုအပ်သည့်အမယ်တွေကိုထွက်ဝယ်ရအောင်လွှတ်လိုက်သည် ။

မိတ်ဖွဲ့ချင်ရင် ခိုစာပို့ဖို့ သတိရ ( မြန်မာဘာသာပြန် )Where stories live. Discover now