"Jeongin....!''
Jeongin လွယ်အိတ်ကို လွယ်ကာ ဆိုင်ထဲက ထွက်သွားဖို့လုပ်စဉ် အနောက်က ခေါ်သံကြောင့်ပြန်လှည့်ကြည့်ရပြန်သည်..
"ဗျာ??''
"အချိန်ရတယ်မလား Hyung နဲ့တစ် နေရာ
ရာ သွားရအောင်''Jeongin Lee Know မေးတဲ့စကားအဆုံး ကြည့်မိသည်မှာ လက်ပတ်နာရီလေးကိုပင်....
...ဟင်းးး ညနေ ငါးနာရီ အင်း....မှီလောက်မှာပါ.....
"ရတယ်လေ ဘယ်သွားမလို့လဲ hyung? "
Lee Know က jeongin ကို ပြုံးပြကာ လက်ကို အသားဆွဲ ပြီး သူရဲ့ဦးတည်ရာ နောက်ကို လိုက်စေသည်....
...................
Lee Know ကားရပ်သွားတာမို့ ဘေးဘီကို ကြည့်လိုက်တော့ တွေ့ရသည်မှာ ကုန်တိုက်တစ်ခုပင်ဖြစ်သည်....
......ဧကန္တ ဈေးဝယ်ထွက်တာလို့တော့ မပြော နဲ့နော် hyung.....
Jeongin Lee Know ကို ကြောင်အမ်းလျက်ကြည့်ကာမေးမိသည်..
"ဒီကို ဘာကိစ္စနဲ့ရောက်လာရတာလဲ?''
"လာပါ အထဲရောက်ရင် သိမှာပေါ့''
Jeongin လည်း ဆက်မပေးတော့ပဲ ထိုင်ခုံခါးပတ်ဖြုတ်ကာ ထွက်ဖို့ပြင်လိုက်သည်...
..............
Lee Know ရဲ့ ရောက်ရင်သိမှာပေါ့ဆိုတဲ့ အဓိပ်ပါယျက မိမရဲ့ အတွေးနဲ့ တစ်ထပ်ထဲ ကျနေသည်...
အဝတ်အစား အသုံးအဆောင်တွေကို အိမ်က မိဘတွေ ဆင်ပေးတဲ့အတိုင်း ဝတ်လေ့ရှိတဲ့ ကျွန်တော့ကို အခု စိတ်တိုင်းကျ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ဝယ်ပေးနေသူမှာ Lee Know ပင်...
Lee Know Hyung က အမှန်တကယ်ပင် မိမိကို ကလေးလို့ သာ ထင်နေသည့်ပုံပင်...
ကလေးတွေဆို တစ်ခုခုနဲ့ မျှားရင် သူတို့ပြောတဲ့စကားကို နားထောင်မှာပဲဆိုတဲ့အသိနဲ့ မိမိကို ထိုသို့ပင်လုပ်နေသလားတောင်ထင်ရသည်...
Lee Know hyung က မိမိကို အပြည့်အဝ နားမလည်သေးချေ..
အချိန် တစ်ခုကြာပြီးတော့ Jeongin လက်တွင် Brand ပေါင်းစုံက
Limited edition အထုတ်ပေါင်းများစွာရောက်နေလေသည်..ဖိနပ်ဆိုလည်း ဖိနပ်မို့ နာရီဆိုလည်း နာရီမို့ အဝတ်အစားဆိုလည်း အဝတ်အစားမို့ အကုန်လုံးကို edition တွေပင် ဝယ်ပေးနေခြင်းဖြစ်သည်....