အပိုင်း(၆)Zawgyi Version

244 17 0
                                    

ဒီလို တစ်စစနဲ့ Han Jisung ဆိုတဲ့ကောင်လေးက Lee Know မသိမသာရော သိသိသာသာ ရော ကာကွယ်ပေးချင်တဲ့ တစ်ဦးတည်းသော သူဖြစ်လာခဲ့တယ်....

Jisung ကအရမ်းတုံးပါသည်....

ကျွန်တော် စားသောက်ဆိုင်ကို အမြဲ လာနေတာတောင်မှ ကျွန်တော့ကို မရိပ်မိခဲ့ဘူး....

ကျွန်တော့်ရဲ့အဖိုးတန်လေးက ကျွန်တော့ကို နည်းနည်းလေးတောင်သတိမထားမိခဲ့ဘူး...

ငါးလ ငါးလဆိုတဲ့ အချိန်က အရမ်းမြန်လွန်းတယ်......

ကျွန်တော် အခုနောက်ပိုင်းဆို ရုံးချိန်ပြီးတိုင်း ကလေး ရှိတဲ့ စားသောက်ဆိုင်ပဲရောက်ဖြစ်သည်..

*ဒီမှာပြောချင်တာ အဲ့တုန်းက Hannie က အထက်တန်းနောက်ဆုံးနှစ်တင်နေတာပါနော် အလုပ်လုပ်နေတာက အချိန်ပိုင်းပါ*

ထေးမင် ကြီးကလည်း အကဲပိုလွန်းလို့အမြင်ကိုကပ်နေလို့...

Ring.....Ring.....Ring.....

"ဟုတ်ကဲ့ Omma ကျွန်တော် အခုပြန်လာခဲ့ပါ့မယ်''

"ဘာဖြစ်လို့လဲ Minho? "

"ငါ့အမေ ဖုန်းဆက်လို့ ငါပြန်ရမယ်''

"အာ အွန်း အဆင်ရော ပြေရဲ့လား?''

"ပြေမယ်ထင်တာပဲ သူမ အသံတော့ မကောင်းဘူး''

"အေးကွာ ဂရုစိုက်ဦး အန်တီက ဒေါသခပ်ကြီးကြီးရယ် Minho မင်းပြသနာ မဖြစ်အောင်နေနော်''

"အင်း''

................

ဘုန်း!!

Lee Know ဧည့်ခန်းက ဆိုဖာပေါ် ထိုင်ထိုင်ခြင်း စားပွဲပေါ် အမေ ပစ်ချလိုက်တဲ့ ဓာတ်ပုံတွေကြောင့် ထိုဓာတ်ပုံတွေကို ကြည့်လိုက်မိသည်..

"ဒါ ဒါတွေက...''

Lee Know ထေးမင် စားသောက်ဆိုင်ကို ဝင်ထွက် သွားလာနေတဲ့ပုံတွေ ပြီတော့ ..Jisung လေးရဲ့ပုံတွေရော သူ Hannie ကို တစိမ့်စိမ့်ထိုင်ကြည့်ပြီး ပြုံးနေတဲ့ပုံတွေရော....

"ဒါဘာလဲ Minho!?''

"အမေ မြင်တဲ့အတိုင်းပါပဲ''

"မင်း! မင်း အခု ငါ့ကို အာခံနေတာလား!

??''

More Than I Can SayWhere stories live. Discover now