အပိုင်း(၂၄)Zawgyi

146 11 0
                                    

အုပ်စုလိုက်ကြီး ဆေးရုံကိုလိုက်လာကြတော့ ဆေးရုံက ဆရာဝန်တွေ ဘာများဖြစ်တာလဲဆိုတဲ့အတွေးနဲ့အတူ လန့်သွားသည်....

မျက်ရည်အဝဲသားနဲ့ ကောင်လေးတစ်ယောက်ကိုချီပြီး သူတို့အနားပြေးလာတဲ့ ခပ်ချောချောကောင်လေးကို သူနာပြုတွေက ဝိုင်းကူကာ တွဲပေးဖို့ပြင်တော့..

''မကူနဲ့!!!ဆရာဝန် ဆရာဝန်သာခေါ်ပေးပါ...''

''ဟုတ်ကဲ့ ကျွန်တော်က ဆရာဝန်တစ်ယောက်ပါ...''

Lee Know က ဆရာဝန်လို့ပြောတဲ့ထိုသူကိုကြည့်ပြီးပြောသည်..

''ကလေး...ဒီကလေး မေ့လဲသွားလို့ပါ..ဘာ... ဘာဖြစ်လို့လဲဆိုတာ တချက်လောက် ကြည့်ပေးပါ အခုချက်ချင်း....''

ဆရာဝန်က ထိုအခါမှ ဘေးက သူနာပြုတွေကို မျက်စပစ်ပြလိုက်ကာ လူနာတင်လှည်း လှမ်းတောင်းသည်..

ဘေးက သူနာပြုတွေကအလိုက်တသိ ယူလာပေးတဲ့အခါမှာ ထိုလူနာကို ကုတင်ပေါ်တင်ကာ ဆရာဝန်နဲ့ သူနာပြုတွေက တွန်းသွားသည်...

အရေးပေါ်အဆောင် နေရာရောက်တော့ လိုက်ကာကိုဆွဲချတော့ Lee Know ကပါ လိုက်ဝင်ဖို့လုပ်သည်...

''ဒီဘက်က လူနာရှင်နဲ့ဘာတော်ပါသလဲ...?''

''ဟို.... ဟို...''

အနောက်မှာ ရပ်နေတဲ့ Hyunjin က Lee Know ကိုတွန်းကာ မေးနေတဲ့ဆရာဝန်ကိုဝင်ပြောသည်..

''ကျွန်တော်က လူနာရဲ့သူငယ်ချင်းပါ တစ်နည်းအားဖြင့် လူနာနဲ့ အကိုလိုပါပဲ သူ့မိဘတွေက ကျွန်တော့်ဆီအပ်ထားပါတယ်...''

''ကောင်းပါပြီ ဒါဆို ညီလေးပဲဝင်လာခဲ့ပါ..''

''ဟုတ်ကဲ့..''

Hyunjin က Lee Know ကို တချက် ကြည့်လိုက်ပြီး အရေးပေါ်အဆောင်ထဲလိုက်ဝင်သွားသည်....

အရုပ်ကြီးလိုတောင့်တောင့်ကြီးဖြစ်ကာကျန်ခဲ့တဲ့ Lee Know နား Seungmin ရောက်လာသည်....

''ခင်ဗျား...လာ ထိုင်ခုံမှာ ခဏထိုင်နေကြရအောင်....Han Jisung သူအဆင်ပြေမှာပါ...''

ကျောက်ရုပ်ကြီး Lee Know က Seungmin အမေးကိုဘာမှမပြောနိုင် မျက်လုံးလေး တချက်သာဝင့်ကြည့်လိုက်သည်..

More Than I Can SayWhere stories live. Discover now