အပိုင်း(၇)

418 54 4
                                    

တက္ကသိုလ် ပထမဆုံး စတက်မယ့်ရက်...

ဒုန်း!....ဒုန်း!.....ဒုန်း!....

"ဟွမ်ဟွန်ဂျင်း ထတော့!!!!''

တံခါးကို အတင်းထုကို နှိုးနေပေမယ့်လည်း နာရီဝက်ကျော်ကြာတဲ့အထိ မနိုးလာတဲ့ သားတော်မောင်ကြောင့် နာယောင်း နှိုးရသည်ကိုအင် ခြေကုန် လက်ပန်းကျလာသည်...

ဒုန်း!....ဒုန်း!....

မျက်နှာချင်းဆိုင်အခန်းက Channie က ထွက်လာကာ တံခါးကို ထုနေတဲ့ အဒေါ်ဖြစ်သူရဲ့ လက်ကို ဖမ်းလိုက်သည်..

"ဒေါ်လေး''

"ဟင် Channie အလုပ်မသွားသေးဘူးလား''

"သွားမလို့ပြင်နေတာ ဒေါ်လေးရဲ့ လက်သံတွေ မခံနိုင်လို့ ထွက်လာတာ''

"အေး သိတဲ့အတိုင်း မင်းညီ အအိပ်စက်လေ ဒီနေ့ Uni First Day တက်ရမယ်ပြောပြီး ခုထိမထသေးဘူးဟေ''

"အဲ့တာ ဘာလို့ ဒေါ်လေးက အခန်းတံခါးထုနေတာလဲ? အခန်းသော့ရှိတယ်မလား ယူဖွင့်နှိုးလို့ရတယ်ဟာကို''

"အယ် ဟုတ်သား ငါ ဒါ မတွေးမိဘူးကြည့်စမ်း အရင်တုန်းက သူ့အဖေ တခွန်း အော်နှိုးရင် ကုန်းရုန်းထတဲ့ သားဆိုတော့ ဒေါ်လေးလည်း ဘာမှကို မသိဘူးဖြစ်သွားတယ်''

"ဟွန်း ဖြစ်ရမယ် ဒေါ်လေးကတော့''

နာယောင်း အစေခံဆီက အခန်းသော့တောင်းပြီး ဖွင့်ကာသာ ဝင်လိုက်သည်..

အခန်းထဲ အိပ်နေတဲ့သားတော်မောင်ကတော့ အအိပ်မပျက်.....

တကယ်တည်း ဘယ်လိုအော်အော် ကို မနိုးတဲ့ ကလေးပါပဲ...

"ဟွမ်ဟွန်ဂျင်း!!!!!!!!!!''

နောက်ဆုံး နာ​ယောင်း အသံကိုခြစ်ပြီးအော်ပါမှ အလန့်တကြားထလာတဲ့ Hyunjin. .

"အမေ အမေ ဘာဖြစ်လို့လဲ??''

အိပ်ချင်မူးတူးဖြစ်တဲ့ သားတော်မောင်ကအသံကြောင့် အမေဖြစ်သူတခုခုဖြစ်တာလားဆိုပြီးတော့ လန့်နိုးရှာသား..

နာယောင်းလည်း စိတ်တိုနေရာမှ ပြုံးမိသွားသည်..

"ကဲ သားလေး ထတော့ကွယ် ရှစ်နာရီခွဲတော့မယ်လေကွယ် ဒီနေ့ ကျောင်းသွားရမယ်လေ''

More Than I Can SayWhere stories live. Discover now