အပိုင်း(၁၉)

318 40 1
                                    

Ting Tong~~~

ဧည့်ခန်းမှာ TV ထိုင်ကြည့်နေတဲ့ Seungmin က ဘဲလ် သံကြောင့် မျက်မှောင်ကျုံ့ကာ တံခါးကိုကြည့်လိုက်သည်...

ဘိုးတော်လည်း အလုပ် off ရက်ဖြစ်ပါရဲ့ ဘယ်သူက အိမ်ကို လာရပြန်တာလဲ....

ဒီနေ့က Sunday မို့ ဘိုးတော်က အပေါ်ထပ်မှာ သူ့ lap top တစ်လုံးနဲ့အတူ အလုပ်ရှုပ်နေသည်..

Seungmin ကရော ကျောင်းပိတ်ရက် ဘာလုပ်နေလဲ....

အင်း ကျွန်တော်ကတော့ ပျင်းပျင်းရှိတာမို့ Tom and Jerry ကားထိုင်ကြည့်နေတာ..

Seungmin ကိုယ့်ပေါ်က ပေါက်ပေါက်ဘူးတွေ အားလူးကြော်ဖူးတွေ ဘေးက ဆိုဖာပေါ်ချပြီး စောင့်အောင့်ကာ သာ တံခါးဖွင့်ဖို့ထရသည်....

ချလောက်...!

တံခါးဖွင့်လိုက်တော့ တွေ့ရတာ hoodie အမဲ ဂျင်းဘောင်းဘီ အမဲ ဝတ်ထားပြီး ဆံပင် တစ်ခေါင်းလုံး blonde ဆိုးထားတဲ့ သူတစ်ယောက်...

အသားကလည်းဖွေးလိုက်တာဆိုတာ Vampire တောင် အရှုံးပေးရမယ့် အဖြစ်...

Seungmin က မသိတဲ့ တစ်စုံတစ်ယောက်ကို ဒီလို ခြေဆုံးခေါင်းဆုံးကြည့်ပြီး မဝေဖန်တတ်ပေမယ့်...

အရှေ့က ထိုသူကိုတော့ အကြောင်းပြချက်မရှိ စောင့်မြင်ကိုကပ်ပါသည်...

သေချာတာက သူ TV ကြည့်နေတဲ့အချိန်နှောက်ယှက်လို့သာဖြစ်လိမ့်မည်..

တံခါးဖွင့်ပြီး မိမိကို ခြေစ ခေါင်းဆုံးကြည့်နေတဲ့ ကောင်လေးကို ကျွန်တော်ကြောင်ကြည့်မိနေသည်..

သို့ပေမယ့် မိမိက သူနဲ့တွေ့ဖို့လာတာမဟုတ်ဘဲ မန်နေဂျင်း ခေါ်လို့သာ လာတာမို့ စကားစဖို့ပြင်လိုက်သည်...

"အဟမ်း ဟမ်း!''

"ဘာလဲ?''

"ဒါက မန်နေဂျင်း Lee Minho အိမ်ဟုတ်ပါသလားခဗျ?''

"ဟုတ်တယ် ဘာကိစ္စလဲ!''

"အာ အော် ဟုတ်ကဲ့ ညီလေး မင်း အကို့ကို ကိုယ်ရောက်နေပြီလို့ပြောလို့ရမလား?''

Chan  အရှေ့က ကောင်လေးက မိမိ ညီငယ်အရွယ်လောက်ရှိတာမို့ ညီလေးလို့ခေါ်လိုက်မိသည်..

More Than I Can SayWhere stories live. Discover now