အပိုင်း(၉)Zawgyi Version

210 15 3
                                    

Ting Tong.....!

နေ့လည်ပိုင်း အတန်းနားချိန်ဖြစ်သည်...

"ဝါးးးး''

တမနက်လုံး အတန်းတက်ရတာကြောင့် Han ငြီးငွေ့စွာ သန်းဝေလိုက်သည်..

"Hyunjin Yongbok Changbin ငါတို့ ကန်တင်းမှာ နေ့လည်စာ သွားစာကြမယ်လေ''

Hyunjin က စာအုပ်တွေ စားပွဲအောက်ထဲထည့်နေရင်းပြောလိုက်သည်....

"အာ မင်းတို့ အရင်သွားနှင့်မလား ငါ လုပ်စရာလေးရှိသေးလို့''

Han.
"အင်းလေ အာ့ဆိုလဲ ငါတို့ သုံးယောက်အရင်သွားနှင့်မယ် မင်းအနောက်ကလိုက်လာခဲ့ပေါ့''

"ကောင်းပြီ''

Changbin
"Yongbok မင်းကထလေ မထပဲ ဘာထိုင်လုပ်နေတာလဲ?''

Hyunjin ဘေးကနေ ထိုင်ရာက မထဖြစ်နေတဲ့ Yongbok ကို Changbin လှမ်းခေါ်ခြင်းသာ...

ဒီကောင်လေး ဒီမှာ ကျောင်းတက်တာ တစ်ပေါက်တောင် ပြည့်တော့မယ် အခုထိ hyunjin မပါရင် ဘယ်မှ မသွားတတ်ဘူး..

ကန်တင်းလည်း hyunjin ပါမှ ကျောင်းအတူတူပြန်လည်း hyunjin ပါမှ ကျောင်းတူတူ သွားတာတောင် နောက်ပိုင်း hyunjin က Yongbok ကို ဝင်ခေါ်ပြီးမှ တူတူ လာကြတာ..

Yongbok တို့ အဒေါ်အိမ်က Hyunjin တို့ အိမ်နဲ့ နည်းနည်း တော့လှမ်းပေမယ့် hyunjin ကတော့ မညည်းမညူ Yongbok ကို သွားခေါ်ရှာသည်...

ဝင်ခေါ်ဆို လိုက်ပို့ရတာ Channie Hyung ဆိုတော့ အဆင်ကိုပြေနေရောပေါ့..

Changbin Yangbok ဂုတ်ကို မ ကာ ထစေသည်..

"ကဲ ထ အကိုတော် မင်း ငါတို့ကို ကျောင်းစတက်တဲ့နေ့က မေးစရာရှိတယ်လို့ပြောတယ်မလား လာ အခု ငါတို့ဖြေပေးမယ်''

Felix Changbin ရဲ့စကားကြောင့် တစ်ခုခုသတိထားမိဟန်...

....အာ ဟုတ်သားပဲ ဒါအခွင့်အရေးပဲ ငါ Han တို့ကို Hyunjin ရဲ့ အရင်ကောင်လေးအကြောင်းမေးရမယ်......

"ဟုတ်သားပဲ လိုက်ခဲ့မယ်လေ မင်းတို့နဲ့''

Han. .
"မင်းတို့တွေ ဒီတစ်သတ် ကန်တင်းရောက်ဖြစ်မှာလား?''

Felix က Changbin ပုခုံးကိုဖက်ကာ Han ကိုဆိုပြန်သည်..

"သွားမယ် သွားမယ်''

More Than I Can SayМесто, где живут истории. Откройте их для себя