Lee Know ဒီနေ့ Seungmin ကို ကျောင်းလိုက်ပို့ပေးဖြစ်သည်.....
Uni ရောက်တော့ အမှတ်မထင် Jisung လေးနဲ့ မျက်နှာချင်းဆိုင်ကို တွေ့ခဲ့သည်.....
Hyunjin တို့ ကျောင်းဝင်းထဲ ဝင်ဖို့လုပ်ရင်း ဘေးနား ကားတစ်စီး ရပ်လာတာကြောင့် တစ်ချက်ကြည့်မိသည်..
Kim Seungmin နဲ့ Lee Know ဖြစ်နေသည်...
Hyunjin Kim Seungmin နဲ့အတူ ကားထဲက ထွက်လာတဲ့ Lee Know ကိုမြင်တော့ ဘေးက မုန့်ထုတ်ကိုပဲ အာရုံစိုက်ကာ စားနေတဲ့ Jisung ပုခုံးကို လှမ်းဖက်လိုက်သည်..
Lee Know Jisung အပေါ် ဘယ်လိုစိတ်ရှိလဲဆိုတာ သိနေတဲ့ hyunjin က အခုလို လုပ်လိုက်ခြင်းဖြစ်သည်...
Lee Know လည်း ထို မြင်ကွင်းကို မြင်တော့ လက်သီးကို တင်းခနဲ ဆုပ်မိသွားသည်..
Hyunjin ကတော့ ဂရုမစိုက်စွာ ပိုတိုး၍ကာ ဖက်လိုက်သည်..
Jisung ကတော့ သူ့ကို ကြည့်နေတဲ့ Lee Know ကို မမြင်သေးချေ..
Seungmin ကလည်း ကျောပိုးအိတ်ကြိုးနဲ့ အလုပ်ရှုပ်နေတာကြောင့် မမြင်ချေးသေ..
အခုဟာက Hyunjin နဲ့ Lee Know အကြည့်ချင်းသာ စစ်တိုက်နေကြသည်...
"အ့! Hyunjin ဘာလို့ ငါ့ကို အတင်းဖက်ထားနေရတာလဲ?''
Jisungက hyunjin ကို ကြည့်မိပြောနေပေမယ့် hyunjin က အရှေ့တည့်တည့်ကိုပဲ ကြည့်နေတာမို့ jisung ယောင်ယမ်းပြီး လိုက်ကြည့်မိသည်..
"ဟင်?''
Jisung မြင်သွားပြီ ဖြစ်သည်....
"Mr.Lee? "
"ဘာလဲ?''
Hyunjin က သိသိရက်နဲ့ jisung ကိုမေးလိုက်ခြင်းသာ..
"အာ ဘာ ဘာမှ မဟုတ်ဘူး သွား သွားမယ်လို့ ဖယ် ဖယ်ပေးဦး မင်းလက်ကိုငါ့ပုခုံးပေါ်က''
"မဖယ်ဘူး! ဒီတိုင်းသွားမယ်''
Hyunjin jisung ကို အတင်းဖက်ကာ ကျောင်းဝင်းထဲကို ဝင်သွားသည်အထိ Lee Know လိုက်ကြည့်နေမိသည်....
ဒေါသကလည်း အတော်လေးပင် ထွက်သွားမိသည်...
ပြီးမှ မိမိရဲ့ ဒေါသကို ပြန်လျှော့ကာ လွယ်အိတ်ကြိုးနဲ့ တိုင်ပတ်နေတဲ့ Seungmin နား သွားဖို့သာ လုပ်လိုက်သည်...