Ring Ring Ring...
"ဟဲလို Hyung''
"အင်း Sam ဟိုတခေါက်ကလေ ကား black box ကနေမင်းကြည့်လိုက်တဲ့ကောင်လေ မှတ်မိလား?''
"အင်း မှတ်မိတယ် hyung အဲ့တုန်းက အဲ့သုံးကောင် ထွက်ပြေးနေတယ်ဆို ဆေးအမှုကြောင့် ရဲတွေလိုက်ဖမ်းနေလို့''
"အေးကွ ဒါပေမယ့် အခုတော့ အဲ့အကောင်တွေက ငါတို့ bar မှာ ဝတ်ကောင်းစားလှတွေနဲ့ ရောက်နေတယ် ဟေ့ကောင်ရေ ကြည့်ရတာ ဂွင်တစ်ခုခုမိလာပြန်ပြီထင်တယ်''
"ဘာ!!! အခု အခု အဲ့ Bar မှာပဲလား?''
Hyunjin အလန့်တကြား အော်သံနဲ့အတူထရပ်လိုက်မိသည်...
"အင်း ဟုတ်တယ် မင်းလာခဲ့တော့ ဟေ့ကောင်ရေ နေ့ခင်းဖက်မို့ လူရှင်းတယ် မင်း သမလို့လဲရတယ် နောက်ဖြစ်မယ့်ပြသနာ hyung ရှင်းပေးမယ်''
"အခုချက်ချင်း ကျွန်တော်လာပြီ hyung''
Hyunjin အပေါ်ဝတ်ရုံ အသားရောင်ကုတ်လေးထပ်ဝတ်ပြီး ကားသော့ယူကာ bar သွားဖို့ပြင်လိုက်သည်...
..............
Hyunjin bar ရောက်ရောက်ခြင်း hyung က လူရှင်းတဲ့အပေါ်ထပ်က အခန်းနေရာကို အဲ့ကောင်တွေကို ပေးထားတယ်လို့ပြောတာမို့ hyunjin တက်သွားလိုက်သည်...
ဒုန်း!!!!
ရုတ်တရက်ကြီးဖွင့်သွားတဲ့ တံခါးသံကြောင့် ကောင်မလေးကိုယ်စီနဲ့ ပျော်မြူးနေတဲ့ အကောင်တွေက ကြည့်လာသည်...
အလယ်က အကောက်က ထရပ်ကာ hyunjin ကို ပြောဖို့ပြင်သည်..
"ဟဲ့ယျောင့် မင်းလူမှုရေးနားမလည်ဘူးလား ဘယ်ဥကပေါက်လို့ ဒီလိုရိုင်းစိုင်း....''
ခွပ်!!!!
Hyunjin က မပြောမဆိုနဲ့ သူ့ကို လက်ညိုးထိုးကာပြောနေတဲ့ အကောင်ရဲ့ မျက်နှာကိုထိုးလိုက်သည်..
ထိုသူက ရုတ်တရက်ဖြစ်တာကြောင့်မထိန်းနိုင်ပဲ အရက်ခွက်တင်ထားတဲ့ စားပွဲပေါ်သို့လဲကျသည်...
အတိုအပျက်နဲ့ မပေါ်တပေါ်ဝတ်ထားကြတဲ့ ကောင်မလေးတွေကလည်း လန့်ပြီး ထောင့်တနေရာသို့ ကပ်သွားလေသည်...
ကျန်တဲ့နှစ်ကောင်က ပြူးကြောင်ကြောင်နဲ့ Hyunjin ကိုတလှည့် သူတို့ လဲနေတဲ့သူငယ်ချင်းကိုတစ်လှည့်ကြည့်နေသည်..