လေဆိပ်ရောက်သည်အထိ တအီအီနဲ့ ငိုလာတဲ့ သုံးယောက်ကြောင့် Hyunjin အတော်လေးပင်ခေါင်းခဲ နေသည်..
အဆိုးဆုံးကတော့ သူ့ရဲ့သူငယ်ချင်းဖြစ်တဲ့ Jisung နဲ့ Changbin ပဲ ..
လိုက်မပို့ပါနဲ့ဆိုတာ အခုလိုက်လာပြီး ကားပေါ်မှာထဲက ငိုလိုက်ကြတဲ့အငို အခု လေဆိပ်ရောက်တဲ့အထိပဲ..
ကားပေါ်မှာ အရှေ့က မေမေကလည်း အသံမထွက်ပေမယ့် မျက်ရည်တွေ ကျနေသေးသည်....
"ကဲ တော်ပြီ တော်သင့်ပြီ Han Jisung,Seo Changbin!!!''
"ဘာလဲ ငါတို့ငိုတာတောင် မင်းက ပိတ်ပင်ချင်သေးတာလား ဟမ် အီးဟီးးး''
ပြောကာမှ ပိုငိုနေတဲ့ jisung ကြောင့် hyunjin ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ပြန်သည်..
Jisung ကိုပြောမရတော့ Changbin ကိုများပြောရမလားလို့ Hyunjin. ကြည့်လိုက်တယ်..
"Changbinnie Binnie~''
"ဘာလဲ အီးဟီး.''
"အာ မင်းတို့ကလည်းကွာ မငိုကြပါနဲ့တော့လို့ ငါ သေရွာသွားတာလည်းမဟုတ်ဘူး Sydney ကို ကျောင်းပိတ်ရက် ခြောက်လ လေးသွားရုံပါကွာ တော်ကြပါတော့ဟ မသိရင် ငါ တသတ်လုံးပြန်မလာတော့မယ့်အတိုင်းပဲ''
အသံဗြဲ ဗြဲ နဲ့ Jisung ကအော်ပြောလာသည်..
"မင်းက ဘာသိလို့လဲ ငါတို့ မင်းနဲ့ တစ်ရက်တောင်ခွဲ ဖူးတာမဟုတ်ဘူး အခုက ခြောက်လကြီးများတောင်လေ''
"အေးလေ ဟုတ်သားပဲ Hannie ပြောတာ အမှန်ပဲ ယျောင့် Hyunjin မင်း ငါတို့ကို ဖုန်းမကြာမကြာဆက်နော်''
အမှန်တိုင်းပြောရရင် Hyunjin လည်း သူငယ်ချင်းတွေ မိဘတွေနဲ့မခွဲ နိုင်တာအမှန်ပင်..
သို့ပေမယ့် သို့လော် သို့လော် ကိစ္စရပ်တိုင်းမှာ သူနဲ့ပါဝင်ခဲ့ဖူးတဲ့နေရာတွေ များတာကြောင့် သွားတဲ့နေရာတိုင်း အဲ့လို အမှတ်ရနေပြီး ခံစားနေရတာမျိုးကို သူမခံစားနိုင်...
ထို့ကြောင့်သာ အခုလိုလမ်းကိုရွေးချယ်ရခြင်းဖြစ်သည်...
"ကြားလားလို့ သကောင့်သား Ugly Hwang!!''
"ငါ့ကို ဘယ်လိုခေါ်လိုက်တယ် အာဗြဲကောင် Jisung!? "
"Ugly Hwang လို့ခေါ်လိုက်တာလေ မင်းမှ စကားပြန်မပြောတာ''