အပိုင်း(၂၂)

349 39 4
                                    

''Congratulations Mr.Lee အာ မှားလို့အခုဆို CEO Lee လို့ခေါ်ရပြီပေါ့နော်''

တဖက်က ရှယ်ယာရှင်တွေကမ်းပေးတဲ့လက်ကို လှမ်းဆွဲနှုတ်ဆက်ရင်း Lee Know ကပြုံးပြသည်...

''ရပါတယ် Mr.Song နောက်လည်း ဒီ CEO ကို အကူအညီလေးပေးပါဦး''

''ဟားး မဟုတ်တာ ဒီအဘိုးအိုကသာ CEO Lee ဆီက သင်ယူရမှာပါ..''

ဂုဏ်ပြုစကားဝိုင်း​ပြောနေတဲ့ ရှယ်ယာရှင်တွေကြားထဲမှာ Lee Know က ပြုံးပျော်နေသလောက် အစည်းစားပွဲခုံရှည်ရဲ့တဖက်ခြမ်းက နောက်ဆုံး project ရှုံးသွားလို့ CEO နေရာမရတဲ့ ဒုဥက္ကဌ. ကတော့ ထိုမြင်ကွင်းကိုကြည့်ပြီးတောက်ခေါက်ကာ ထွက်သွားလေသည်....

ဒေါက်ဖိနပ်သံ တဒေါက်ဒေါက်နဲ့ ခန်းမကြီးထဲကထွက်သွားတဲ့ အမေဖြစ်သူကို Lee Know တစ်ချက်ဝေ့ကြည့်ပြီး ရှယ်ယာရှင်ဘက်သာလှည့်လိုက်သည်....

ဟုတ်တယ် ဒီနေ့ဟာ Lee Know အနှစ်နှစ် အလလစောင့်ခဲ့တဲ့နေ့ အာဏာလိုချင်လို့မဟုတ်ဘဲ တစ်စုံတစ်ယောက်ကြောင့် ဒီနေရာကိုလိုလိုလားလား လိုချင်မိခဲ့တာ...

အခုတော့ သူ့မှာကာကွယ်နိုင်မယ့်အင်အားတွေရှိပြီး ပင်မ Group ရဲ့ CEO ဖြစ်တဲ့ အားသာချက်ကတော့ Lee Group လက်အောက်က လက်ခွဲ group တိုင်းကို CEO ဖြစ်တဲ့ Lee Know ကထိန်းချုပ်နိုင်ခြင်းဖြစ်သည်....

................

ဒေါက် ဒေါက် ဒေါက်...

''ဝင်ခဲ့ပါ''

''ဟုတ်ကဲ့ CEO Lee ကျွန်မကိုခေါ်တယ်ဆိုလို့ပါ''

''အင်း ဟုတ်တယ် အဖွဲ့မှူး Chan ကိုသွားခေါ်ခဲ့ပေးပါ...''

''ကောင်းပါပြီ CEO''

.........

''CEO Lee ကျွန်တော့ကိုခေါ်တယ်ဆိုလို့ပါ...''

''အာ hyung ကလည်း hyung ကပါ ဒီလိုခေါ်နေတော့မှာလား?''

''ဒါပေမယ့် CEO Lee က CEO...''

''အရင်တိုင်းပဲခေါ်ပါ hyung ရဲ့ပေါ့ပေါ့ပါးပါး Lee Know ပဲခေါ်ပါ...''

''ဒါပေမယ့် CEO...''

''.......''

''ကောင်းပါပြီ Lee.. Lee Know ညီလေး hyung ကို ဘာခိုင်းစရာရှိလို့လဲ?''

More Than I Can SayWhere stories live. Discover now