Hyunjin အတန်ကြာ ငိုမိသည်မှ တစ်ခုခုကို သတိရသွားဟန် ဖုန်းကို ထုတ်လိုက်သည်...
"ဟဲ ဟဲလို Hyung Channie Hyung လား??''
အသံဟာ တုန်တုန်ရီနဲ့ ပြောဆိုကာ ငိုသံအနည်းငယ် စွပ်နေသည့် Hyunjin အသံကြောင့် Chan ကပြာကယာ ထိုင်နေရာကနေ ထမိသည်...
"Hyunjin လား ဘာဖြစ်လို့လဲ Hyunnie??''
"ကျွန်တော့် ကျွန်တော့ကိုလေ လာခေါ်ပေးလို့ရမလားဟင် ''
"ရတာပေါ့ ဘယ်နေရာလဲ Hyung ကို အခုပြော Hyung မင်းအသံကြောင့် ရင်ပူလှပြီ''
"ဟုတ် လိပ်စာက******''
Hyunjin ဖုန်းချသွားတော့ဒါဟာ ဘယ်နေရာလည်းလို့ဆိုတာ အထူးအဆန်းလုပ်ပြီး Channie အတွေးနိုင်တော့ချေ..
အခုချိန်မှာ မိမိသာ Hyunjin ရှေ့ရောက်ရင်သာ စိတ်အေးနိုင်မည် ဖြစ်သောကြောင့် စားပွဲပေါ်က ကားသော့ယူကာ အမြန်ပင် ထွက်ခွာလိုက်သည်.....
......................
Hyunjin ပြောတဲ့ နေရာ ရှေ့ကို ကားရပ်ရပ်ခြင်း ကျွန်တော် ချင်ချင်းပင် ဆင်းပြီး hyunjin ပြောတဲ့ ထိုဆျိုငျထဲကိုသာ ဝင်ဖို့ စိတ်သာရှိနေခဲ့သည်...
"Channie Hyung!!!!''
ရုတ်တရက်ရဲ့ မိမိကို ခေါ်လိုက်တဲ့အသံကြောင့် လှည့်ကြည့်မိတော့ မိမိ၏ ညီငယ်လေးဖြစ်နေသည်..
လူကိုတွေ့တော့ မိမိ ညီငယ်လေးနားသာ ခြေလှမ်းကျယ်ကြီးတွေနဲ့ သွားမိသည်...
အနားနား ရောက်မှ ညီငယ်လေးရဲ့ နှုတ်ခမ်းနားနဲ့ ပါးတစ်ဖက်မှာ ဒဏ်ရာ ရနေသည်ကို သတိထားမိသည်...
"Hyunnie ဘယ်လိုဖြစ်လာ...''
ပြောဖို့ စကားတွေပင်လေထဲ တန့်သွားမိသည် မိမိ ညီငယ်ဟာ ဒဏ်ရာတွေနဲ့အတူ သူ့၏ ရင်ခွင်ထဲမှာ ကောင်ငယ်လေးတစ်ယောက်ကို ပွေ့ထားခြင်းကြောင့်ဖြစ်သည်..
Hyunnie ပွေ့ထားတဲ့ ကောင်ငယ်လေး၏ မျက်နှာမှာ ပို၍ပင် ရ စရာမရှိ ထိထားသည်ကို သတိပြုမိသည်..
ထိုအခါမှ မိမိ ပါးစပ်ကို လက်နှစ်ဖက်နဲ့ အုပ်ထားရသည်အထိ အံ့သြမိသွားခဲ့သည်..
"ဒါ ဒါတွေက...?''
"ပြီးရင်ကျွန်တော် အကုန်ရှင်းပြ မှာမို့ အခု ကားပေါ်အရင်တက်ကြရအောင် Hyung Jeongin Jeongin လေး တစ်ခုခု ဖြစ်မှာ ကျွန်တော်တကယ် မလိုချင်ဘူး Hyung~''